Trending Now

မြစ်ကြီးနား တက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ပထမနှစ် ကျောင်သားကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

Spread the love

မြစ်ကြီးနား တက္ကသိုလ်တွင် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင်စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ပထမနှစ် ကျောင်သားကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲပြုလုပ်

EPN
မြစ်ကြီးနား၊ မေလ ၁၉

ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်တွင် ယနေ့ နံနက် ၉ နာရီခန့်က ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ် ( ၂၀၂၀ တက္ကသိုလ် ဝင်တန်းအောင်) ပထမနှစ် သင်တန်း တက်ရောက် နေသည့် ကျောင်းသားကျောင်းသူ များအတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ အဖွင့် အမှားစကားပြောကြားပြီး မြစ်ကြီးနား တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ အောက်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်းသိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများမှ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် မြစ်ကြီးနား တက္ကသိုလ် မှ ပါမောက္ခချုပ် ၊ ဒုပါမောက္ခချုပ် များ ၊ ပါမောက္ခ (ဌာနမှူးများ) ၊ သင်တန်းနှင့် စီမံဌာန အကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြကြောင်း သိရသည်။

လက်ရှိမြစ်ကြီးနား တက္ကသိုလ်တွင် ပထမနှစ် သင်တန်းသစ်၊ ယခင် ပထမနှစ်သင်တန်း၊ ဒုတိယနှစ်သင်တန်း၊ တတိယနှစ်သင်တန်း၊ ဂုဏ်ထူးတန်းနှင့် မဟာတန်း နေသင်တန်းများကို မေလ ၁၂ ရက်နေ့ မှ စတင်ကာ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းသိရသည်။

ကိုဗစ်နိုင်တင်းရောဂါစတင်ပျံပွားလာမူကြောင့် မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်ကျောင်းများကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေမှ စတင်ကာ ရပ်နားထားခဲ့ရပြီး ယခုနှစ်မှသာ ပြန်လှစ်ဖွင့်လှစ်လာနိုင်ခြင်းဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။