Trending Now

စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့များတွင် အင်တာနက် ဖြတ်တောက်ခံရသည့်မှာ နှစ်လကျော်ကြာမြင့်လာသည့်အတွက် ဒေသခံများအခက်ကြုံနေရ

Spread the love

စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့များတွင် အင်တာနက် ဖြတ်တောက်ခံရသည့်မှာ နှစ်လကျော်ကြာမြင့်လာသည့်အတွက် ဒေသခံများအခက်ကြုံနေရ

EPN

မြစ်ကြီးနား ၊ မေလ ၁၀

စစ်ကိုင်းတိုင်းအထက်ပိုင်း နယ်စွန်မြို့များဖြစ်သည့် နန်းယွန်း၊လေရှီး၊လဟယ် စသောမြို့များတွင် ပြီးခဲ့သည့် မတ်လ( ၂) ရက်နေ့မှစတင်ကာ အင်တာနက်လိုင်း ဖြတ်တောက်ခံခဲ့ရပြီး ယနေ့အချိန်အထိ အင်တာနက်လိုင်းများ မရရှိသေးသည့်အတွက် ဒေသခံများအခက်အခဲဖြစ်နေကြကြောင်း သိရသည်။

အဆိုပါဒေသများသည် စစ်ကိုင်းတိုင်းဒေသ အထက်ပိုင်းတွင်တည်ရှိပြီး နန်းယွန်းမြို့၊ လေရှီးမြို့၊ လဟယ်မြို့၊ စသောမြို့ကြီးများမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောဒေသများဖြစ်ပြီး ယင်းဒေသရှိမြို့များအား မတ်လ (၂) ရက်နေ့မှစတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရခြင်းဖြစ်သည်။

ယင်းကဲ့သိ့ု စစ်ကိုင်းတိုင်းဒေသတွင်ရှိသော မြို့ကြီး (၄) မြို့အား အင်တာနက်ဖြတ်တောက်ခဲ့ရာမှ ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့တွင် ခန္တီးမြို့အား အင်တာနက်ပြန်လည်သုံစွဲခွင့်ပေးခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

ကျန်ရှိသော အချို့မြို့များမှာ ယနေ့တိုင် အင်တာနက်လိုင်းမရသည့်အပြင် ဖုန်းခေါဆိုရန်လည်း အဆင်မပြေသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“အင်တာနက်ပိတ်ထားသောကျွန်မတို့အတွက် အရမ်းအခက်တွေ့တာပေါ့၊ပိတ်တာကလည်းအရမ်းကြာပြီ၊ မတ်လအစပိုင်းကတည်းကနေ ဖြတ်လိုက်တာဟုတ်တယ် အခုထိမရသေးဘူး၊ ဖုန်းတောင်ကောင်းကောင်းဆက် လို့မရဘူး” ဟု ၎င်းကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင်သာမက အခြားဒေသအချို့တွင်လည်း အင်တာနက်လိုင်းဖြတ်တောက်ခံထားရပြီး ဒေသခံများအနေဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။