Trending Now

တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဦးမော့လာရန် ကြိုးစားနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

Spread the love

တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဦးမော့လာရန် ကြိုးစားနေကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

EPN
နေပြည်တော် ၊ ဇူလိုင် ၃၀

တိုင်းပြည်၏ စီးပွားရေး ပြန်လည် ဦးမော့လာစေရန် ကြိုး စားလုပ်ဆောင်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇူလိုင်လ (၂၉) ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းကယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” နိုင်ငံစီးပွားရေးပြန်လည် ဦးမော့လာစေရေး မိမိတို့အစိုး ရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ တိုင်းပြည် ရဲ့ အားဟာ ပြည်တွင်းမှာပဲရှိပါတယ်။ ဒါ့ကြောင့် ပြည် တွင်းစီးပွားရေးကို အဓိက အားပေးရန်လိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ လ နောက်ပိုင်းမှ စတင်ကာ နိုင်ငံရေး အကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ပြီး စီးပွား ရေးချွတ်ခြုံကျမှုများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းများကို ရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်သည်။

ထို့သို့ မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုမှာ ယခင်အ စိုးရ လက်ထက် ၂၀၁၈ ခုနှစ်ကပင် စတင်ကျဆင်းနေခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပြီး ၎င်းလက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုးတက်ရန် အတွက် ပြည် တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်းပြောဆိုခဲ့သည်။

လက်ရှိ တိုင်းပြည်၏ စီးပွားရေး ကျဆင်းနေမှုကို ကုစားနိုင်ရန် ငွေကျပ်ဘီလီယံ ၄၀၀ မတည်၍ ဆောင်ရွက်နေပြီး ပထမဦးစားပေးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ် ငန်းများကို အောင်မြင်အောင် လုပ်ဆောင်မည့်အပြင် ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သည့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။