Trending Now

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ် ဆီဖြည့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ် ဆီဖြည့်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
မြစ်ကြီးနား ၊ဇွန်လ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဓာတ်ဆီအိမ်ဆိုင်တစ်ခုတွင် ဆိုင်ကယ် ဆီဖြည့်နေစဉ် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့မနက် ၈ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၆)၊ ဇော်

ဂျွန်းလမ်းမကြီးဘေး၊ အိမ်အမှတ် (၁၃)ရှေ့တွင်ရှိ ဖွင့်လှစ်ရောင်းချနေသည့် ဓာတ်ဆီဆိုင်(အိမ်ဆိုင်)တွင် ဆိုင်ကယ်ဆီထည့်နေသော ဦးညွန့်‌ဝေ အသက်(၅၀) အား အမည်မသိလူငယ်အမျိုးသားတစ်ဦးမှ၊ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး ဒလန်၊ဒလန်ဟု အော်ဟစ်ကာ သေနတ်ဖြင့်အဝေးမှတစ်ချက်ပစ်ပြီးနောက် ဦးညွန့်ဝေ လဲကျသွားစဉ် နဖူးတွင် အနီးကပ်တစ်ချက် ထပ်မံ ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။
သေနတ်ဖြင့် ပစ်သတ်ခံရသူ ဦးညွှန့်ဝေ မှာ နယ်မြေ(၁၃) ရှမ်းရွာ လယ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ပြည်
သူတစ်ဦးဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရမှုကြောင့် ဦးညွန့်ဝေမှာ ဝဲဘက်ကျောဖောက်ဝင်၊ ယာရင်အုံ ဖောက်ထွက်ဒဏ်ယာ(၁)ချက်၊ ယာနဖူးဖောက်ဝင်၊နောက်စေ့ဖောက်ထွက်ဒဏ်ယာ(၁)ချက်ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း အနီးအနားရှိပြည်သူများထံမှ သိရသည်။
ယင်းသို့ သေနတ်ဖြင့် ပစ်သတ်ပြီးနောက် လူငယ်အမျိုးသားမှာ လယ်ကုန်းဈေးဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားသည့်အတွက် သက်ဆိုင်ရာမှ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။