Trending Now

ပုသိမ်မြို့ရေကြည်ဦးဘုရားကျုံးအတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

Spread the love

ပုသိမ်မြို့ရေကြည်ဦးဘုရားကျုံးအတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

EPN
ပုသိမ် ၊ ဧပြီလ ၄

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ရေကြည်ဦးဘုရား ကျုံးအတွင်း မေလ ၄ ရက်နံနက်ပိုင်းက ရေနစ်သေဆုံးနေ သောအမည်မသိ အမျိုးသားအလောင်းတစ်လောင်းကိုတွေ့ ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးနေသောအမျိုးသားရုပ် အလောင်းကို ဒေသခံတစ်ဦးမှစတင်တွေ့ရှိခြင်းဖြစ်ပြီး ရုပ်အလောင်းသည် မည်သူမည်ဝါဆိုသည်ကိုအတည်ကျ မသိရသေးဘဲ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

“ဒေသခံတစ်ဦးက မနက်ပိုင်းမှာစတင်တွေ့ရှိတာပါ အလောင်းကိုပရဟိတအဖွဲ့နဲ့ ဒေသခံတွေကလာပြီးသယ်ယူသွားတာတွေ့ရတယ် သေဆုံးနေသူဟာဘယ်သူဆို တာမသိပါဘူး ရဲတွေလည်းလာစစ်ဆေးတာတွေ့ရတယ်
ရဲတွေကတော့ ရေနစ်သေဆုံးတာလို့ပြောသွားတယ်”ဟုဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ကျုံးအတွင်း ရေနစ်သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်ရဲတပ်ဖွဲ့က စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ယင်း ဘုရားကျုံးအတွင် ယမန်နှစ်ကလည်း ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။