Trending Now

ဘူးဂါး ဓာတ်အားပေးလုပ်ငန်း မှ မလိ ၊ ပါဂျောင်ရှိစက်ရုံ ပြုပြင်မွမ်းမံမှုကြောင့် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များ အချိန်ပိုင်း မီးပြတ်တောက်မည်

Spread the love

ဘူးဂါး ဓာတ်အားပေးလုပ်ငန်း မှ မလိ ၊ ပါဂျောင်ရှိစက်ရုံ ပြုပြင်မွမ်းမံမှုကြောင့် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များ အချိန်ပိုင်း မီးပြတ်တောက်မည်

EPN
မြစ်ကြီးနား၊စက်တင်ဘာ ၈

ဘူးဂါး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မလိ ပါချောင် စက်ရုံများရှိ စက်ပစ္စည်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကြောင့် စက်တင်ဘာ ၉ ရက်နေ့တွင် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များ အချိန်ပိုင်း မီးပြတ်တောက်မှာဖြစ်ကြောင်း ဘူးဂါး ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မလိ၊ပါဂျောင်စက်ရုံမှာရှိတဲ့ စက်တွေ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်တာက နှစ်စဉ်လုပ်ရတာဖြစ်တယ် အခုလည်းပြန်ပြီးပြုပြင်စရာတွေရှိလို့ မနက်ဖြန်တစ်ရက်ထဲကို အပြီးလုပ်ဆောင်သွားမှာဖြစ်တယ်”ဟု ၎င်းကပြောဆိုသည်။

ထိုသို့ ပြုပြင်ဆောင်ရွက်မည့် စက်တင်ဘာ ၉ ရက်နေ့တွင် မြစ်ကြီးနား မြို့ပေါ် ရပ်ကွက် (၃၂)ခုအား ၂နာရီခြား တစ်ခါ အလှည့်ကျ မီးပေးသွားရန် စီစဉ်ထားသော်လည်း ဝိုင်းမော်မြို့တွင်မှု နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ မီးပြတ်တောက်မှာ ဖြစ်ကြောင်း ဘူးဂါး ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

ထိုသို့ ပြုပြင်မှုကြောင့် မြစ်ကြီးနားမြို့ပေါ်တွင် အချိန်ပိုင်းမီးပြတ်တောက်မှာဖြစ်သည့်အတွက် မီးသုံးစွဲသူများအနေဖြင့် ဂရုတစိုက် သုံးစွဲရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

“မီးကို အလှည့်ကျ ပေးတဲ့အခါမှာ အထူးသဖြင့်တော့ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်များအနေနဲ့ သတိထားရမှာက မီးပျက်တဲ့အချိန်မှာ မေ့ပြီး ခလုတ်တွေဖွင့်ထားတာမျိုး မပိတ်မိတာမျိုးတွေကို ဂရုစိုက်ဖို့လိုအပ်တယ် မီးသုံးစွဲသူတွေအနေနဲ့ အလေးထားပြီး ဒါတွေကို မမေ့ဖို့လိုအပ်တယ်”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဘူးဂါး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ပြီးခဲ့သည့် ဩဂုတ် (၂၃) ရက်မှ စက်တင်ဘာ (၅) ရက်နေ့အထိ ချီဖွေငယ်ဓာတ်အားပေးစက်ရုံပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အတွက် မြို့ပေါ် ရပ်ကွက်များ မီးအားနည်းခြင်း မီးပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် အဆိုပါ စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။