Trending Now

ဆီးရီးယားနဲ့ အီရတ် ရှိ IS အဖွဲ့ သိမ်းပိုက်ထားတဲ့နယ်မြေအားလုံးပြန်သိမ်းပိုက်နိုင်ကြောင်း အမေရိကန် သမ္မတဆို

Spread the love

ဆီးရီးယားနဲ့ အီရတ် ရှိ IS အဖွဲ့ သိမ်းပိုက်ထားတဲ့နယ်မြေအားလုံးပြန်သိမ်းပိုက်နိုင်ကြောင်း အမေရိကန် သမ္မတဆို 

 EPN
နိုင်ငံတကာ၊ မတ် ၂၄ 

ဆီးရီးယား နဲ့ အီရတ်နိုင်ငံမှာ IS အဖွဲ့ ထိန်းချုပ်ထားတဲ့နယ်မြေအားလုံးကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ IS အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်အောင် ဆက်တိုက်သွားမှာဖြစ်ကြောင်း အမေရိကန် သမ္မတ က ပြောပါတယ်။ 

ဆီးရီးယားနိုင်ငံရဲ့ IS အဖွဲ့နောက်ဆုံးခံတပ် မြို့ကို အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ (SDF) အဖွဲ့ က ယမန်နေ့က သိမ်းပိုက်ရရှိခဲ့ပြီးနောက် အမေရိကန် သမ္မတ က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ IS အဖွဲ့တွေ ဘယ်နေရာမှာရှိရှိ အပြီးသတ်ချေမှုန်းတာမျိုးဆက်လုပ်သွားမှာဖြစ်ကြောင်း ၊ IS အဖွဲ့သိမ်းပိုက်ခံထားရတဲ့ နယ်မြေအားလုံးက လူတွေက လက်ရှိမှာလွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သမ္မတ ထရမ့်ကပြောပါတယ်။ 

အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားလက်နက်ကိုင်အဖွဲ့ ဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာတည်းက ဆီးရီးယား နိုင်ငံအရှေဘက်ခြမ်းရှိ IS အဖွဲ့တွေ နဲ့ အပြင်းထန်တိုက်ခိုက်ခဲ့ပါတယ်။ ဆီးရီးယားပြည်တွင်းစစ် စတင် တဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ IS စစ်သွေးကြွအဖွဲ့ ဟာလူသိများထင်ရှားလာခဲ့ပြီး အီရတ် နဲ့ ဆီးရီးယားနိုင်ငံရှိ မြို့တွေကိုသိမ်းပိုက်ခဲ့ပါတယ်။ IS အဖွဲ့ခေါင်းဆောင် ဘက်ဂါဒါဒီဟာ အစွန်းရောက်အယ်လ်ကိုင်ဒါအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး IS အဖွဲ့ကိုတည်ထောင်ကာ ဆီးရီးယားနဲ့ အီရတ် နိုင်ငံနယ်မြေတွေကိုသိမ်းပိုက်ကာ အစ္စာလမ်မစ်ခါလီဖိတ်နိုင်ငံတည်ထောင်ဖို့ ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။
————————-


EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။