Trending Now

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

Spread the love

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ 

EPN
နေပြည်တော်၊ ဇွန် ၁

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ အသွားအလာကန့်သတ်ထားသည့် တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်မတော်သား ၁၈ ဦးသည် အိန္ဒိယနိုင်ငံမှ သင်တန်းတက်ရောက် ပြီး မေ ၂၄ ရက်တွင် မြန်မာ့အမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိလာသည့်အတွက် ၎င်းတို့ကို အသွား အလာကန့်သတ် သီးခြားစောင့်ကြည့်ထားလျက်ရှိပြီး အဆိုပါတပ်မတော်သားများ၏ နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်များရယူ၍ ၎င်းနေ့တွင်ပင် ပထမအကြိမ် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်း သိရှိရ သည်။

သို့ရာတွင် မေလ ၃၀ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အဆိုပါတပ်မတော် သားများ စီးနင်းလိုက်ပါလာသည့် လေယာဉ်ဖြင့် လိုက်ပါလာသူများအနက် အရပ်သား အမျိုးသား ၉ ဦး၊ အမျိုး သမီး ၈ ဦးတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ၎င်းတပ်မတော်သားများအား ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များရယူ၍အမျိုးသားဓာတ်ခွဲဌာန(NHL)သို့ ပေးပို့စမ်းသပ်စစ်ဆေးရာ ဇွန်လ ၁ ရက်နေ့ နံနက် ၇ နာရီခွဲတွင် ဓာတ်ခွဲအတည်ပြု ထုတ်ပြန်ချက်အရ အရာရှိ၊ စစ်သည် ၁၈ ဦး အနက် ၄ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။

၎င်း အရာရှိ၊ စစ်သည်များအား တပ်မတော်မှ COVID-19 ရောဂါ အထူးကုသရန်ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ)သို့ ပို့ဆောင်၍ ကုသမှုခံယူလျက်ရှိကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိ ကြောင်းသိရှိရသည်။

၎င်းတို့နှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းတပ်မတော်မှ သတင်းထုတ် ပြန်ခဲ့သည်။

#တပ်မတော်သား #COVID19


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။