Trending Now

ဟိုပင်မြို့သရက်‌ေချာင်း ရေကြီးလာ၍ ရပ်ကွက်ကျေးရွာ လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

Spread the love

ဟိုပင်မြို့သရက်‌ေချာင်း ရေကြီးလာ၍ ရပ်ကွက်ကျေးရွာ လူနေအိမ်များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၇

ကချင်ပြည်နယ်၊ ဟိုပင်မြို့ သရက်ချောင်းရေ ရေကြီးလာရွေ့ ယနေ့ နံနက်အစောပိုင်းကစ၍ ချောင်းနှင့်နီးစပ်သည့် ကျေးရွာ၊ ရပ်ကွက် နေပြည်သူများ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေရကြောင်း ဟိုပင် ပရဟိတအသင်းမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းလာသောကြောင့် ဟိုပင်သရက်ချောင်း ရေကြီးရေလျှံ ဖြစ်ပွားလာ၍ ချောင်းအနီး၌ နေထိုင်ကြသည့် ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများကို လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

” မနေ့ ညထဲက မိုးအဆက်မပြတ် ရွာသွန်းခဲ့လို့ အခုဆို သရက်ချောင်းနဲ့ နီးစပ်တဲ့ ရပ်ကွက်၊ ကျေးရွာတွေက နေအိမ်တွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်း ကူညီနေတယ် ” ဟု မျိုးချစ်မြန်မာလူငယ်မောင်မယ် ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဟိုပင်မြို့ မြို့မမြောက်ဘက် နယ်မြေများဖြစ်ကြသည့် မြနန္ဒာ၊ အောင်နန်း၊ နတ်ကြီးကုန်း စသည့် ရပ်ကွက်၊ ကျေးရွာတို့တွင် သရက်ချောင်းရေ ဝင်ရောက်လာသည်ဖြစ်၍ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုကူညီရေးအသင်းများတို့ဖြင့် ပူးပေါင်းဆောင်ရွက်ကာ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။