Trending Now

မြိုင်မြို့နယ်တွင် အကြမ်းဖက်သမားများ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅ လသားအရွယ် အမြွှာကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး ၊ ကျန်အမြွာကလေး ၁ဦးနှင့် မိသားစုဝင် ၃ ဦးဒဏ်ရာရ

Spread the love

မြိုင်မြို့နယ်တွင် အကြမ်းဖက်သမားများ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၅ လသားအရွယ် အမြွှာကလေး ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံး ၊ ကျန်အမြွာကလေး ၁ဦးနှင့် မိသားစုဝင် ၃ ဦးဒဏ်ရာရ

EPN
မြစ်ကြီးနား ၊ ဇွန် ၂၄

မြိုင်မြို့နယ်တွင် အကြမ်းဖက်သမားများက Drone ယာဉ်ဖြင့် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ၅ လသားအရွယ် အမြွာကလေး ၁ ဦးနှင့် အသက် ၆၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကျန်အမြွာကလေး ၁ ဦးနှင့် မိသားစုဝင် ၃ ဦးဒဏ်ရာရ ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မကွေးတိုင်းဒေသကြီး ၊မြိုင်မြို့နယ်တွင် ဇွန် ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် အကြမ်းဖက်များက Drone ယာဉ်ဖြင့် အကြောင်းမဲ့တိုက်ခိုက်ခဲ့ရာ ဦးစိန်မောင် မိသားစုနေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိသားစုဝင်များ ဒဏ်ရာရရှိခဲ့ရာ လူမှုကူညီရေးအသင်းမှ မြိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူခဲ့သော်လည်း ဒေါ်စောနွယ် နှင့် ၅ လသား အရွယ်အမြွာယောကျာ်းလေး ၁ဦး တို့သည် နေ့လယ် ၂ နာရီခန့်တွင် သေဆုံးသွားခဲ့ပြီး ကျန်အမြွာကလေး ၁ ဦး နှင့်မိသားစုဝင် ၃ ဦးတို့တွင် ဒဏ်ရာများရရှိခဲ့သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်မှုကိုကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။