Trending Now

၉ နှစ်ကြာ အသုံးပြုပြီးသား ဟင်းချက်ဆီနဲ့ ကားမောင်းနေတဲ့ အိန္ဒိယအမျိုးသား

Spread the love

၉ နှစ်ကြာ အသုံးပြုပြီးသား ဟင်းချက်ဆီနဲ့ ကားမောင်းနေတဲ့ အိန္ဒိယအမျိုးသား

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅

လောင်စာဆီ ဈေးနှုန်းမြင့်တက်လာမှုက သာမှန်လူတွေအတွက် အနှောက်အယှက်ဖြစ်စေပေမယ့် အိန္ဒိယနိုင်ငံ ဘင်္ဂါလူရု ပြည်နယ်က လူငယ်တစ်ဦးကတော့ သူ့ရဲကားကို ကိုယ်တိုင်လုပ် ဇီဝလောင်စာဆီနဲ့ လွန်ခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း မောင်းနှင်နေခဲ့တာဖြစ်ပါတယ်။

သူကတော့ အိန္ဒိယနိုင်ငံ ကန်နယ်တက်ကာက ဓါတုအင်ဂျင်နီယာ အဗင်နက်ရှိဗာရာဒါအစ်ဗာနီ ဖြစ်ပြီး စက်ပိုင်း အင်ဂျင်နီယာ ဘာသာရပ်ကို အထူး စိတ်ဝင်စားသူ ဖြစ်ပါတယ်။

သူဟာ ဟိုတယ်တွေက အသုံးပြုပြီးသား ဟင်ချက်ဆီကို ဝယ်ယူကာ နေအိမ်မှာ ဇီဝလောင်စာဆီ ထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ဆောင်နေတာဖြစ်ပြီး ဟင်းချက်ဆီ ၁ လီတာကို ဇီဝလောင်စာဆီ 700-800 ml ဝန်ကျင်ရရှိပါတယ်။

ဇီဝါလောင်စာဆီ ခန့်မှန်းကုန်ကျစာရိတ် ၁ လီတာကို ၆၀-၆၅ ရူပီသာ ကျသင့်မှာဖြစ်တဲ့အတွက် ငွေကြေးကုန်ကျမှုနည်းပါရုံသာမက ဓါတ်ဆီ/ဒီဇယ်သုံးကားတွေနဲ့ နှိုင်းယှဉ်ပါက ဓာတ်ငွေထုတ်လွတ်မှုနည်းပါးပါတယ်။

အခုဆိုရင် သူ့ကားလေးကို ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ လောင်စာဆီနဲ့ ၂၀၁၃ ခုနှစ်ကတည်းက မောင်းနေခဲ့တာဖြစ်ပြီး မိုင်အားဖြင့် မိုင်ပေါင်း ၇ သောင်းကျော် မောင်းပြီးပါပြီ။

ဒါ့အပြင်သူက ဇီဝလောင်စာဆီ ထုတ်လုပ်ရာက ထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကို လက်ဆေးဆပ်ပြာနဲ့ ကြမ်းတိုက်ဆပ်ပြာကဲ့သို့ အခြားအသုံးဝင်တဲ့ထုတ်ကုန်တွေ ထုပ်လုပ်ဖို့ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

— ကိုးကား —
udayavani
Ref; man runs car on used cooking oil since 9 years

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။