Trending Now

မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်အချို့ အချိန်ပိုင်းမီးပြတ်တောက်မည်

Spread the love

မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်အချို့ အချိန်ပိုင်းမီးပြတ်တောက်မည်

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၂၂

ဘူးဂါး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှမြို့သစ်ကြီးကွက်သစ် တွင် 11KV Line ကြိုးလဲလှယ် မည်ဖြစ်သည့်အတွက် မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်အချို့ နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်နေ့တွင်မီးပြတ်တောက်မည်ဖြစ်ကြောင်း ဘူးဂါး ကုမ္ပဏီ လီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မြို့သစ်ကြီးကွက်သစ်ဘက်က 11KV လိုင်းကြိုးဟောင်း‌‌ တွေပြန်လှဲရမှာမို့လို့‌ နိုဝင်ဘာ၂၃ရက်နဲ့၂၄ရက် နံနက် ၉ နာရီကနေ နေ ၁ နာရီအထိ မီးပြတ်မှာပါ၊ပြီးခဲ့တဲ့လတုန်းကတော့မြဝတီဖီဒါလိုင်းကြိုးတွေလဲလှယ်တယ်၊ဒီလအတွင်းတော့ မြို့သစ်ဘက်ကကြိုးတွေကိုပြန်လဲလှယ်ရတာပါ၊ဒီလိုမျိုးလုပ်တာကျတော့ဘယ်ချိန်ဘယ်နေ့မှပြီးမယ်ဆိုတာသတ်မှတ်လို့မရပါဘူး၊ကြိုးတွေလဲလှယ်တာတွေနှင့်ချုံနွယ်ပင်တွေရှင်းလင်းတာကျတော့နှစ်တိုင်းလုပ်ဆောင်ရမှာပဲ၊မီးသုံးစွဲသူတွေအနေနဲ့လည်း နားလည်ပေးစေချင်တာက အခုလိုမီးပျက်နေရခြင်းက ဖြစ်ချင်လို့ဖြစ်နေတာမဟုတ်ပဲ အခုလိုဟိုနားကသစ်ပင်တွေလှဲလိုက်၊ဒီနားကသစ်ပင်လှဲလိုက်ဖြစ်တဲ့အခါမှာလိုင်းကြိုးတွေပြုပြင်ရတာမျိုး၊ကြိုးအဟောင်းတွေပျက်စီးတာမျိုးကဖြစ်နေတာဆိုတော့၊ဒီလိုမျိုးမီးပြတ်ရတာကိုနားလည်ပေးစေချင်တယ်”ဟု ၎င်းကပြောဆိုသည်။

ထိုသို့ မြို့သစ်ကြီးကွက်သစ်ရှ်ိ 11KV Line ကြိုးများလဲလှယ်ဆောင်ရွက်မည့် နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်နေ့တွင် မြစ်ကြီးနား မြို့ပေါ် ရပ်ကွက် (၁၁)ခုအားနံနက် ၉ နာရီမှ ညနေ ၁ နာရီ အထိ မီးပြတ်တောက်မှာ ဖြစ်ကြောင်း ဘူးဂါး ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။

ထိုသို့ လိုင်းကြိုးများလဲလှယ်မှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အချို့တွင် မီးပြတ်တောက်မှာဖြစ်သည့်အတွက် မီးသုံးစွဲသူများအနေဖြင့် ဂရုတစိုက် သုံးစွဲရန် လိုအပ်ကြောင်း သတိပေး ပြောဆိုထားသည်။

“ဒီလိုမီးပျက်တဲ့အခါမှာ အထူးသဖြင့်တော့ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်များအနေနဲ့ သတိထားရမှာက မီးပျက်တဲ့အချိန်မှာ မေ့ပြီး ခလုတ်တွေဖွင့်ထားတာမျိုး မပိတ်မိတာမျိုးတွေကို ဂရုစိုက်ဖို့လိုအပ်တယ် မီးသုံးစွဲသူတွေအနေနဲ့ အလေးထားပြီး ဒါတွေကို မမေ့ဖို့လိုအပ်တယ်”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဘူးဂါး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြန်မာ့လျှပ်စစ်ဓာတ်အားပေးမလုံလောက်မှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအားလုံး နိုဝင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး လကုန်ထိ အချိန်ပိုင်းအလှည့်ကျမီးပေးနေရခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၃ရက်နေ့ ၂၄ ရက်နေ့တွင်ပါရှိသည့်ရပ်ကွက်(၁၁)ခုလုံးမှာ တပြိုင်တည်းမီးပြတ်မည်ဖြစ်ကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။