Trending Now

အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဂါဇာကမ်းမြောင်ဘက်ကနေ အစ္စရေးဘက်ကို ဒုံးကျည်လေးငါးစင်းဖြင့် ပစ်ခတ်

Spread the love

အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး မိနစ်ပိုင်းအတွင်းမှာပဲ ဂါဇာကမ်းမြောင်ဘက်ကနေ အစ္စရေးဘက်ကို ဒုံးကျည်လေးငါးစင်းဖြင့် ပစ်ခတ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၈

ဂါဇာကမ်းမြောင်ဒေသမှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး မိနစ်ပိုင်းလေးအတွင်း တနင်္ဂနွေနေ့ ညပိုင်းမှာ ပဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်ပြီး ဂါဇာကမ်းမြောင်ဒေသကနေ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်လေးငါးစင်းနဲ့ လှမ်းပစ်ခဲ့ကြောင်း ဂျေရုဆလမ်ပို့စ် သတင်းစာက ရေးသားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို တနင်္ဂနွေညပိုင်း ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာစတင်ခဲ့တာဖြစ်ပြီး အပစ်အခတ်ရပ်စဲ လိုက်တဲ့အဲဒီအချိန်ကနေ ၈ မိနစ်အကြာမှာ အစ္စရေးနိုင်ငံတောင်ပိုင်းကို ဂါဇာကမ်းမြောက်ဘက်က ဒုံးကျည်တွေ နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း Moscow time သတင်းစာမှာလည်းဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေးကြေညာပြီး အချိန်တိုလေးအတွင်းမှာပဲ ဂါဇာကမ်းမြောင်ဒေသနဲ့ကပ်နေတဲ့ အစ္စရေးနယ် မြေထဲမှာ လေကြောင်းအချက်ပေးဥသြသံတွေ ဆူညံစွာထွက်ပေါ်လာကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာ န သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

“ည ၁၁ နာရီ ၂၅ မိနစ်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေက အစ္စလာမ်မစ်ဂျီဟတ်အကြမ်းဖက်အုပ်စုလှုပ်ရှားနေတဲ့ အ ကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုက ဒီည ၁၁ နာရီခွဲမှာ စတင်အသက်ဝင်မယ့်အပစ် အခတ်ရပ်စွဲရေးမစတင်ခင် အစ္စရေးတပ်ဖွဲ့ရဲ့ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပါတယ်။” လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၅ ရက်က ပါလက်စတိုင်း အစ္စလာမ်မစ်အခြေခံဝါဒီ ဂျီဟတ်အုပ်စုကို မဟာ ရန်အောင်စစ်ဆင်ရေးနာမည်နဲ့ တိုက်ခိုက်ခဲ့သလို အပြန်အလှန်အနေနဲ့ အခြေခံဝါဒီတွေ ကလည်း အစ္စရေးပိုင် နက်ထဲကို ဒုံးကျည်တွေအများအပြားနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

သြဂုတ်လ ၇ ရက်မှာတော့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဟာ ဒေသစံတော်ချိန် ည ၁၁ နာရီခွဲမှာ စတင်အကျိုးသက်ရောက်မှုရှိမှာဖြစ်ကြောင်း အစ္စရေးအစိုးရက ကြေညာခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးချိုးဖောက် လာမယ်ဆိုရင်တော့ အင်အားသုံးတိုက်ခိုက်သွားမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

Ref: Several rockets fired from Gaza after ceasefire begins — paper

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။