Trending Now

ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး အမြင့်ပေ (၃၀၀)ခန့်မှ ခြေချော်ပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား

Spread the love

ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး အမြင့်ပေ (၃၀၀)ခန့်မှ ခြေချော်ပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွား

EPN
ဖားကန့်၊မေ ၂၄

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ယမန်နေ့ မေလ(၂၃)ရက်၊ ညနေ(၄း၀၀)နာရီ အချိန်ခန့်က ရေမဆေးကျောက် ရှာဖွေနေသူ တစ်ဦးသည် အမြင့်ပေ (၃၀၀)ခန့်ရှိ ကမ်းပါးမှ ခြေချော်ပြုတ်ကျ၍ အခင်းဖြစ်နေရာတွင်ပင် သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာအနီးရှိ YTT သက်တမ်းကုန် လုပ်ကွက်ဟောင်းနေရာတွင် ရေမဆေးကျောက် ရှာဖွေရာ အမြင့်ပေ(၃၀၀)ခန့်ရှိ ကမ်းပါးမှ ခြေချော်ပြုတ်ကျ၍ သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ မောင်နော်လွတ်(၂၄)နှစ်၊ (ဘ)ဦးနော်ဒင်း၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၂)တွင် နေထိုင်သူ ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား ဖားပြင် သုခဒါယီ လူမှုကူညီရေးအသင်း၏ ကူညီမှုဖြင့် ဖားကန့် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။

သတင်း- နောင်ရိုး
ဓါတ်ပုံ- ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။