Trending Now

မိုးးကြိုးစက်ကွင်းကြောင့် နေအိမ်အတွင်း သွယ်တန်းထားသော မီးကြိုးနှင့်ပလပ်ခုံများ ပျက်စီး

Spread the love

မိုးးကြိုးစက်ကွင်းကြောင့် နေအိမ်အတွင်း သွယ်တန်းထားသော မီးကြိုးနှင့်ပလပ်ခုံများ ပျက်စီး

 EPN
အင်းတော်ကြီး၊ ဇွန် ၁၁

အင်းတော်ကြီးဒေသ၊ မမုန်ကိုင်အုပ်စု မိုင်းနောင်ကျေးရွာ၊ ရွာမရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ မိုးကြိုးစက်ကွင်းကြောင့် နေအိမ်အတွင်း သွယ်တန်းထားသော မီးကြိုးနှင့်ပလပ်ခုံများ ပျက်စီးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ အင်းတော်ကြီးဒေသ၊ မမုန်ကိုင်အုပ်စု မိုင်းနောင်ကျေးရွာ၊ ရွာမရပ်ကွက်နေ ဦးစံဝင်းနေအိမ်တွင် ဇွန်၁၀ရက်၊ နံနက်၅နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာနေချိန်တွင် အုန်းပင်အား မိုးကြိုးထိမှန်ခဲ့ပြီး၊ မိုးကြိုးစက်ကွင်းကြောင့် လျှပ်စီးဝင်ခဲ့ကာ နေအိမ်အတွင်း သွယ်တန်းထားသော မီးကြိုးနှင့်ပလပ်ခုံများ မီးလောင်ကျွမ်းကာ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် လူနှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ (၂၀၀၀၀၀) နှစ်သိန်းကျော်ခန့် ရှိမည်ဟုအိမ်ရှင်ထံမှ သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။