Trending Now

လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းနှင့် စီမံကိန်းများ ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆို

Spread the love

လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းနှင့် စီမံကိန်းများ ဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောဆို

EPN
မြစ်ကြီးနား ၊ သြဂုတ် ၉

ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်သည့် လုပ်ငန်းနှင့်စီမံကိန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယမန်နေ့က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြေကြားရာ၌ ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“ဒေသအလိုက် လျှပ်စစ်ထုတ်လုပ်နိုင်တဲ့ လုပ်ငန်းတွေ စီမံကိန်းတွေကို ဆောင်ရွက်သွားကြဖို့လိုပါတယ် ထို့ပြင် လာမည့်နှစ်၌ ဒေသအလိုက် လျှပ်စစ် ဓာတ်အားဖူလုံစေရန် ရေအား၊ ဆိုလာစနစ်တို့ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးတို့အတွက် ကြံဆဆောင်ရွက်သွားရန် လိုအပ်သည်”ဟု နစက ဥက္ကဋ္ဌက မှာကြားခဲ့သည်။

အလားတူ လျှပ်စစ်ဓာတ်အားရရှိပါက ဒေသခံများ၏ လူမှုစီးပွားဘဝ အထိုက်အလျောက် တိုးတက်လာမည်ဖြစ်ကာ တိုင်းပြည်၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားလိုအပ်မှုများအတွက် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ အထက်ကျိုင်းတောင်းရေအားလျှပ်စစ်စီမံကိန်းနှင့်သဌေးရေအားလျှပ်စစ်စီမံကိန်းများမှထွက်ရှိမည့် စုစုပေါင်း ၄၄၂ မဂ္ဂဝပ်အား နိုင်ငံတော်ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။