Trending Now

ရေကြီးမှုဖြစ်ပွားလျက်ရှိရာ တရုတ်တောင်ပိုင်းတွင် မိုးသက်မုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူငါးဦး ထပ်မံသေဆုံး

Spread the love

ရေကြီးမှုဖြစ်ပွားလျက်ရှိရာ တရုတ်တောင်ပိုင်းတွင် မိုးသက်မုန်တိုင်းများ တိုက်ခတ်မှုကြောင့် လူငါးဦး ထပ်မံသေဆုံး

EPN
နို်င်ငံတကာ၊ဇွန် ၁၃

ပြီးခဲ့သည့်အပတ်က ကြောက်မတ်ဖွယ်ရာ ရေကြီးရေလျှံမှုဘေး ကြုံတွေ့ခဲ့ရသည့် တရုတ်နိုင်ငံတောင်ပိုင်း ရှိ ဒေသ တစ်ခုတွင် မိုးသက်မုန်တိုင်းကြောင့် လူငါးဦးကျော် သေဆုံးခဲ့ရသည်။

ဇွန်လ ၁၁ ရက် ညနှောင်းပိုင်းက စတင်ခဲ့သည့် မုန်တိုင်းများကြောင့် လူငါးဦး သေဆုံးကာ ရှစ်ဦး ပျောက် ဆုံးခဲ့ကြောင်း ချုံကျင်းမြို့တော်တောင်ဘက်ရှိ ကျူညီမြို့အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

လူပေါင်း ၁၃၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပြီး အိမ် ၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကွေ့ ကျိုးပြည်နယ်ရှိ လမ်းများကြီးများစွာနှင့် တံတားသုံးစင်း ပျက်စီးခဲ့ရကြောင်း ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် ထုတ်ပြန်ချက်တစ်ခုက ဆိုသည်။

အနီးအနားရှိ ဟူနန်ပြည်နယ်နှင့် ကွမ်ရှီဒေသတွင် အစောပိုင်းက မုန်တိုင်းများတိုက်ခတ်မှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့သည်။

ရာသီအလိုက် ရေကြီးရေလျှံမှုများက မြေနိမ့်ဒေသရှိ တရုတ်နိုင်ငံ၏ အဓိကမြစ်ကြီးငါးစင်းတွင် ရေကြီး ရေလျှံမှုများ ဖြစ်စေပြီး အထူးသဖြင့် ယန်စီမြစ်နှင့် တောင်ဘက်ရှိ ပုလဲမြစ်တို့ဖြစ်သည်။

ပြည်သူ ၂၀၀၀၀၀ ကျော် မုန်တိုင်းရှောင်စခန်းများ၌ ခိုလှုံနေရပြီး စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုမှာ ဒေါ် လာ သန်း ၅၀၀ ကျော်ရှိကြောင်း အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ယခုသီတင်းပတ်အစောပိုင်း တွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးသင့် ကွမ်ရှီဒေသ၏ ခရီးသွားလုပ်ငန်းမှာ ရေကြီးရေလျှံမှုများဒဏ် ခံခဲ့ရပြန် သည်။ ကွမ်ရှီဒေသမှာ အလွန်လှပသော ကျောက်ဆောင်များကြောင့် နာမည်ကျော် ကွေ့လင်မြို့တည်ရှိရာ ဒေသ ဖြစ်သည်။

ယန်စီမြစ်ပေါ်၌ လျှိုမြောင်သုံးသွယ်ဆည်ကဲ့သို့သော အလွန်ကြီးမားသည့် ဆည်များတည်ဆောက်ခြင်း ဖြင့် ရေကြီးရေလျှံမှုများ နည်းပါးသွားစေရန် တရုတ်အာဏာပိုင်များက ကြိုးပမ်းခဲ့သည်။

–ကိုးကား–
ဂတ်တူဒေး Ref; Five more dead in latest flooding in China rainstorms


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။