Trending Now

ပူတာအိုခရိုင်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်မိသားစုများအား အခြေခံစားသောက်ကုန် (၅) မျိုးထောက်ပံ့ပေးအပ်

Spread the love

ပူတာအိုခရိုင်၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်မိသားစုများအား အခြေခံစားသောက်ကုန် (၅) မျိုးထောက်ပံ့ပေးအပ်

EPN
ပူတာအို၊ ဧပြီ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်း စားအိမ်ထောင်မိသားစုများအတွက် နိုင်ငံတော်က ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးကို ယနေ့ နံနက် (၉)နာရီခွဲမှ စတင်၍ အဆိုပါအိမ်ထောင်မိသားစုများထံသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လိုက်လံထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ကောင်ကထောင်၊ လုံးစွတ်၊ လေယာဉ်ကွင်းရပ်ကွက်များတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင် မိသားစုများအတွက် နိုင်ငံတော်ကထောက်ပံ့သည့် တစ်အိမ်ထောင်လျှင် ဆန် (၈)ပြည် ၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာ စုစုပေါင်းထောက်ပံ့ မှု(၅)မျိုးကို ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသန့်ဇင်နှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ ဦးသန့်စင်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက လက်ဝယ် အရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့အပြင် ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၁)ရပ်ကွက်၊ ကျေးရွာ အုပ်စု (၁၄)အုပ်စုတွင် အိမ်ထောင် မိသားစု (၁၄၀၄)စု အတွက် ဆန် (၁၁၂၃၂)ပြည်၊ ဆီ (၇၀၂)ပိဿာ၊ ဆား (၇၀၂)ပိဿာ၊ ပဲ (၁၄၀၄)ပိဿာ နှင့် ကြက်သွန်နီ (၁၄၀၄)ပိဿာတို့ကို ဖြန့်ဖြူးရေးအဖွဲ့များခွဲ၍ အဖွဲ့များနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက‌ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး အရောက်‌ မော်တော်ယာဉ်များဖြင့် လိုက်လံဖြန့်ဖြူးပေးခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတဆင့် အချိန်နှင့်တပြေးညီ ထောက်ပံ့ပေးအပ်နိုင် ရေး ဆောင်ရွက်လျက်ရှိပြီး ပူတာအိုခရိုင်စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပူတာအိုမြို့နယ်တွင် အိမ်ထောင်စု (၁၄၀၄)စု ၊ မချမ်းဘော့မြို့နယ်တွင် အိမ်ထောင်စု (၅၁၀)စု၊ နောင်မွန်မြို့နယ်တွင် အိမ်ထောင်စု (၄၂)စု ၊ ခေါင်လန်ဖူးမြို့နယ်တွင် အိမ်ထောင်စု (၃၆၉)စုနှင့် ဆွမ်ပရာဘွမ် မြို့နယ်တွင် အိမ်ထောင်စု (၁၅၆)စု စုစုပေါင်း အိမ်ထောင်စု (၂၄၈၁)စုတို့ကို သတ်မှတ်ချက်နှင့်အညီ စာရင်းများ ကောက်ယူခဲ့ခြင်း ဖြစ်ရာ စာရင်းတွင်ပါရှိသည့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်မိသားစုများ လက်ဝယ်အရောက် ဖြန့်ဝေပေးလျက်ရှိ ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။