Trending Now

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

Spread the love

ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၇ (၂၀၂၄)

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့် လက်နက်/ ခဲယမ်းများကို ဇန်နဝါရီ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၂ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွားကားလမ်း၊ နားကော် (၃)ရွာအနီး၌ စောင့်ဆိုင်းနေစဉ် မူးယစ်သတင်းရရှိထားသည့် TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစောနှင့် အားကော်တို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁၅ ဒဿမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ တုံး၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်၊ M 22 သေနတ် ၁ လက်၊ ၎င်းကျည် ၃၀ တောင့်တို့အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး အားစောနှင့် အာကော်တို့အား သက်ဆိုင်ရာရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့် အရေးယူထားလျက်ရှိ‌‌ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။