Trending Now

မြဝတီမြို့၌ ပုဂ္ဂလိကဘဏ် တစ်ဘဏ်မှ အကြီးတန်း မန်နေဂျာ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

Spread the love

မြဝတီမြို့၌ ပုဂ္ဂလိကဘဏ် တစ်ဘဏ်မှ အကြီးတန်း မန်နေဂျာ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

EPN
မြဝတီ၊ အောက်တိုဘာ ၃ (၂၀၂၃)

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်တွင် အောက်တိုဘာ ၂ ရက် ညနေပိုင်းက ပုဂ္ဂလိက ဘဏ်တစ်ဘဏ်မှ အကြီးတန်း မန်နေဂျာ ဆိုသူ တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း မြဝတီမြို့ခံများထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူသည် အသက် ၄၃ နှစ်အရွယ် ဦးတင်မောင်အေး ဆိုသူဖြစ်ပြီး ယမန်နေ့ ညနေ ၅ နာရီကျော်ခန့်က မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ(၃) လမ်းထောင့်တွင် သေနတ်ဖြင့် ပစ်ခတ်ရပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

”ဆိုင်ကယ် မောင်းနှင်လာတဲ့ အမျိုးသားနှစ်ဦးက ပစ်ခတ်သွား တာလို့ သိရတယ်။ ပစ်ခတ်ခံရမှုကြောင့် ဦးတင်မောင်အေးက
ဝဲဘက်နားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ချက်၊ ယာဘက်ပါး ကျည်ဖောက်ထွက် ဒဏ်ရာ ၁ချက်နဲ့ အခင်းဖြစ်နေရာမှာ ပဲဆုံးသွားတာ။ဘယ်အဖွဲ့ရဲ့ လက်ချက်လည်းမသိသေးဘူး။ အစစ်အ‌ဆေးတော့ ကြမ်းနေတယ်။”ဟု ၎င်း မြို့ခံ တစ်ဦးထံက သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်း အား လူမှုကူညီရေးအသင်း ကားဖြင့် မြဝတီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အခင်းဖြစ်ရာအနီး တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ပြီး သေနတ်သမားများကို ဖမ်းဆီးရမိရေး လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။