Trending Now

ဖားကန့်မြို့မ ရဲစခန်းအရှေ့ အချိန်ကိုက်မိုင်း တစ်လုံးဖောက်ခွဲခံရ၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရ

Spread the love

ဖားကန့်မြို့မ ရဲစခန်းအရှေ့ အချိန်ကိုက်မိုင်း တစ်လုံးဖောက်ခွဲခံရ၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရ

EPN
ဖားကန့်၊ မတ် ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့မ ရဲစခန်းအရှေ့၌ ယနေ့ မတ်လ ၂၄ ရက် ညနေ ၃ နာရီ အချိန်ခန့်က အချိန်ကိုက်မိုင်းတစ်လုံးဖောက်ခွဲခံရပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရ ရှိသွားကြောင်း သိရသည်။

အဆိုပါ လက်လုပ် အချိန်ကိုက်မိုင်း ပေါက်ကွဲမှုကြောင့် ရဲဒုတပ်ကြပ် တစ်ဦး၏ ယာဘက်ခြေကျင်းဝတ် အပေါ်မိုင်းစ ရှပ်ထိမှန် ဒဏ်ရာ(၂)ချက် (မစိုးရိမ်ရ) ဒဏ်ရရာရရှိခဲ့ပြီး ရဲတပ်သားတစ်ဦးမှာမူ ဝမ်းဗိုက်မိုင်းစ ရှပ်ထိမှန်ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ပေါက်ကွဲမှု ဖြစ်ပွားပြီး CCTV မှတ်တမ်းကို စစ်ဆေးလိုက်တော့ ရဲစခန်း အရှေ့လမ်းသွယ် ယာဘက်ခြမ်း ငှက်ပျောတော ရပ်ကွက်ဘက်က အဖြူရောင် IPSUM အမျိုးအစား နံပါတ်စိစစ်ဆဲ ယာဉ် (၁)စီးပေါ်ကနေ အဲဒီ အချိန်ကိုက်မိုင်းကို ပစ်ချခဲ့တာ၊ ပြီးတော့ သူတို့ မောင်းနှင်ထွက်သွားပြီး အဝေးကနေ Remote Control နဲ့ ဖောက်ခွဲလိုက်တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင် (၂)ဦးအား ဆေးကုသမှုပေးထားပြီး ယင်းအချိန်ကိုက်မိုင်း ဖောက်ခွဲခဲ့သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။