Trending Now

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

Spread the love

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၀ (၂၀၂၃)

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဦးဆောင်ကော်မတီအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရေးနှင့် စိုက်ပျိုး သီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာအချိန်မီ ဖြန့်ဖြူးရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သွင်းအားစုများလိုအပ်ချက်အနေဖြင့် ယခုလာမည့် ဆောင်းရာသီ၌ ဆီထွက်သီးနှံများအပါအဝင် သီးနှံ ၁၀ မျိုးနှင့်ဘနွေစပါးစိုက်ဧက ၁၀ ဒသမ ၅၃ သန်းခန့်အတွက် ပန်းတိုင်အထွက်တိုးရေးစံနှုန်းအရ သုံးစွဲမည်ဆိုပါက မြေဩဇာမက်ထရစ် တန်ချိန် ၁ ဒဿမ ၁ သန်းခန့် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းဆီထွက်သီးနှံနှင့် နွေစပါးစီမံကိန်းတို့အပါအဝင် ဆောင်းရာသီ သီးနှံများအတွက် တောင်သူများလိုအပ်သော သွင်းအားစုများ အချိန်မီရရှိပြီး ဈေးနှုန်း သက်သာစွာ အသုံးပြုနိုင်အောင် ကြိုတင်စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ဦးဆောင်ကော်မတီ၏ စိစစ်ထောက်ခံချက်များအရ နိုင်ငံခြားသုံးငွေဝယ်ယူရရှိမှု၊ သွင်းကုန်လိုင်စင်ရရှိမှု၊ တင်သွင်းရောက်ရှိမှု၊ ဖြန့်ဖြူးရောင်းချပြီးစီးမှု၊ ရောင်းချဈေးနှုန်းများနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင် ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးပြီး စိုက်ပျိုးရေးကဏ္ဍအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် ယူရီးယားမြေဩဇာ သွင်းအားစုများ အချိန်မီ တင်သွင်းဝယ်ယူ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအား လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ ကိုယ်စားလှယ် များ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။