Trending Now

အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Spread the love

အင်္ဂပူမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာက အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

EPN
အင်္ဂပူ၊ မတ်လ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ် ထန်းပင်ကုန်းကျေးရွာမှ အမျိုးသားတစ်ဦး ယမန်နေ့ ညနေပိုင်းက သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးသွားကြောင်းဒေသခံများထံက သိရသည်။

အဆိုပါ သေနတ်ဖြင့် အပစ်ခံရသူသည် လှိုင်ဝင်းအောင် ဆိုသူဖြစ်ပြီး မတ်လ ၁၀ ရက်ကညနေ ပိုင်းကနေအိမ်တွင်ရှိနေချိန် အမည်မသိ သေနတ်သမားများကလာရောက် ပစ်ခတ်သွားခြင်းဖြစ်ပြီး ဆေးရုံကိုပို့ဆောင်သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခြင်းဖြစ်သည်။

”မနေ့က အိမ်မှာရှိနေတုန်း သေနတ်နဲ့ ပစ်သတ်ခံရတာပါ။ဟင်္သာတ ဆေးရုံရောက်မှ သေသွားတာပါ။ ပစ်သတ်ခံရသူက လှိုင်ဝင်းအောင်ပါ။ အခုရွာမှာအစစ်အဆေးတွေ ကြမ်းနေတယ်။”ဟု အဆိုပါ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ သေနတ်ဖြင့် ပစ်သတ်သွားသည့် သေနတ်သမားများကို ဖမ်းဆီးနိုင်ရေးအင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့က ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။