Trending Now

နိုင်ငံတကာအာကာသ စခန်းတွင် လွင့်တင်ခဲ့သည့် မြန်မာအလံ

Spread the love

နိုင်ငံတကာအာကာသ စခန်းတွင် လွင့်တင်ခဲ့သည့် မြန်မာအလံ

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၆

ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေးဖိုရမ်(The 7th Eastern Economic Forum-2022)တွင် ပါဝင်တက်ရောက်ခဲ့သည့် နိုင်ငံများကို ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံ အလံများကို အာကာသစခန်းတွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲ ဂုဏ်ပြုခဲ့ကြောင်းသိရှိရသည်။

“စီးပွားရေးဖိုရမ်မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံအချို့ကို အလေးပြုဖို့ ဆုံးဖြတ်ခဲ့တာပါ ကျွန်တော်တို့ အကာသယာဉ်မှုးတွေဟာလည်း ကမ္ဘာပေါ်မှာ ကျင်းပနေတဲ့ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။” ဟု ရုရှားအာကာသယာဉ်မှူး Oleg Artyomov ကပြောဆိုခဲ့သည်။

ရုရှားနိုင်ငံအရှေ့ပိုင်း ဗလာဒီဗော့စတော့မြို့၌ စက်တင်ဘာ ၇ ရက်နေ့တွင်ပြုလုပ်မည့် (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေး ဖိုရမ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယားနိုင်ငံဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် ဥက္ကဋ္ဌ Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဖိုရမ်၏ စီးပွားရေးအစီအစဉ်တွင် ဆွေးနွေးခန်းများ၊ စားပွဲဝိုင်းများ၊ စီးပွားရေးဆွေးနွေးပွဲများနှင့် နိုင်ငံတကာ ညီလာခံများ အပါအဝင် “ရုရှား-အာဆီယံ” တို့အပြင် ရုရှား-တရုတ် စီးပွားရေးကောင်စီ အစည်းအဝေးနှင့် အာတိတ်ဒေသ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ဆိုင်ရာကစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

— ကိုးကား —
rt
ref; Russia greetings from space the countries participating Economic Forum

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။