Trending Now

လူနာပို့ပြန်လာတဲ့ လူမှုကူညီရေးကား မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ယာဥ်မောင်းသေဆုံး

Spread the love

လူနာပို့ပြန်လာတဲ့ လူမှုကူညီရေးကား မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ယာဥ်မောင်းသေဆုံး

EPN
မုံရွာ ၊ မတ် ၆

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့နယ် ၊ ကံသစ်ကျေးရွာအနီး မန္တလေး မုံရွာ ရေဦး ကားလမ်းမှာ အခုလ ၆ ရက်္ မနေ့ နေ့လည်ပိုင်းက မုံရွာဆေးရုံကို လူနာပို့ ပြန်လာတဲ့ လူမှုကူညီရေးကားတစ်စီးကို အကြမ်းဖက်သမားတွေက မိုင်းခွဲတိုက်ခိုက်တာကြောင့် ကားမောင်းသူ သေဆုံးသွားတယ်လို့ မုံရွာမြို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။

” မိုင်းထိမှန်တဲ့ကားက နှောပင်ကြီးကျေးရွာက လူမှုကူညီရေး အသင်းကားဖြစ်တယ် ၊ ကားလေကာမှန်နဲ့ ကားတခြမ်း မိုင်းစထိမှန်ပျက်စီးထားတယ် ၊ အဲ့ဒီကားကို မောင်းတဲ့ ယာဥ်မောင်းကတော့ ကျနော်တို့ ရောက်တော့ ဆုံးနေပြီ ၊ သွေးထွက်လွန်ပြီ အသက်ပါသွားတာ ဖြစ်နိုင်တယ် ” လို့ သွားရောက်ကူညီ ကယ်ဆယ်ပေးခဲ့တဲ့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

နှောပင်ကြီးကျေးရွာ လူမှုညီရေးယာဥ်ဟာ ဒီကနေ့ မနက်ပိုင်းက မုံရွာဆေးရုံကို လူနာပို့အပြန်လမ်းမှာ အခုလို အကြမ်းဖက်သမားတွေက မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ တိုက်ခိုက္မှုကြောင့် လူနာတင်ယာဥ်ပေါ်မှာ ပါလာတဲ့ ယာဥ်မောင်းသူ သေဆုံးပြီး ၊ ယာဥ်ကြီးကြပ်သူ သာမာန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က UNICEF Myanmar အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၁ ၊ ပထမ ၁၀ လအတွင်းမှာ ရှမ်းပြည်နယ် ၊ ရခိုင် ၊ကချင် ၊ ကယား ၊ ကရင် ၊မွန် ၊ ချင်း ပြည်နယ်တွေနဲ့ ပဲခူ ၊ မကွေး ၊ စစ်ကိုင်း ၊ တနသ္ာရီ တိုင်းတွေမှာ မြေမြုတ်မိုင်း နဲ့ အခြားပေါက်ကွဲမှုဖြစ်ရပ်တွေကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁၇ ဦးရှိတဲ့အနက်က ၁၀၂ ဦးဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။