Trending Now

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးယူကာ လိုင်စင်ထုတ်ပေးရန် ဆောင်ရွက်နေ

Spread the love

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးယူကာ လိုင်စင်ထုတ်ပေးရန် ဆောင်ရွက်နေ

EPN
မြစ်ကြီနား၊ ဇန်နဝါရီ ၃၆

ပဲခူးတိုင်းဒေသကြီးတွင် လိုင်စင်မဲ့ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးနင်းသူများကို ဖမ်းဆီးအရေးယူကာ ပညာပေးလုပ်ငန်းများ နှင့် လိုင်စင်ထုတ်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင် သတင်းတွင် ဖော်ပြထားသည်။

ပဲခူးတိုင်းဒေသကြီးတွင် ဇန်နဝါရီ ၂၃ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်စီးနင်းသူများကို လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပဲခူး၊ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ညောင်လေးပင်နှင့် နတ္တလင်းခရိုင်များတွင် မော်တော်ဆိုင်ကယ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များကို One Stop Service စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်လိုင်စင် ကုန်ကျစရိတ်သည် ဘီးခွန်နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ပေးဆောင်ရမည့် အခကြေးငွေများ အပါအဝင် ဆိုင်ကယ်တစ်စီးစီ၏ ကုန်ကျစရိတ်၏ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။