Trending Now

ဖိလစ်ပိုင်နိုင်ငံမှာ လူကုန်ကူးခံရတဲ့ မြန်မာလုပ်သား ၄၀ ကျော်ကို ကယ်တင်နိုင်ခဲ့

Spread the love

ဖိလစ်ပိုင်နိုင်ငံမှာ လူကုန်ကူးခံရတဲ့ မြန်မာလုပ်သား ၄၀ ကျော်ကို ကယ်တင်နိုင်ခဲ့

EPN
မြစ်ကြီးနား၊ မေ ၂၉

ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီတစ်ခုမှာ အဓမ္မ အလုပ်စေခိုင်းခံနေရတဲ့ မြန်မာလုပ်သား ၄၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံးက သိရပါတယ်။

ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က အဲဒီကုမ္မဏီမှာ အတင်းအကျပ်စေခိုင်းခံနေရတဲ့ နိုင်ငံခြားသားတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် မေလ ၄ ရက် ညပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာ နိုင်ငံခြားသားစုစုပေါင်း (၁၁၃၇)ဦး အား ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၄၂ ဦး ပါဝင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၄၂ ဦးကို မြန်မာနိုင်ငံကို အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် မြန်မာသံရုံး၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်လူဝင်မှု ကြီးကြပ်ရေးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ပထမအသုတ်အဖြစ် အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား ၅ ဦး စုစုပေါင်း ၂၀ ဦးကို မေလ ၂၇ ရက်နေ့မှာ ပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးနိုင်ဖို့အတွက် မြန်မာသံရုံးက သက်ဆိုင်ရာဌာနတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သရုံးက ဆိုပါတယ်။

ကေကေ
Photo – သံရုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။