Trending Now

ေက်းရြာလံုျခံဳေရးတာဝန္ထမ္းေဆာင္ေနေသာ ရာအိမ္မွဴးႏွင့္အဖြဲ႔ ဝိုင္းဝန္းရိုက္နွက္ခံရ

Spread the love

ေက်းရြာလံုျခံဳေရးတာဝန္ထမ္းေဆာင္ေနေသာ ရာအိမ္မွဴးႏွင့္အဖြဲ႔ ဝိုင္းဝန္းရိုက္နွက္ခံရ

EPN
ဖားကန္႔၊ ေဖေဖာ္ဝါရီ၁၂

ဖားကန္႔ၿမိဳ႕နယ္၊လံုးခင္းအုပ္စု၊ေမွာ္စီစာေက်းရြာအနီးရွိ စြန္႔ပစ္ေျမစာပံုတြင္ ေက်းရြာလံုျခံဳေရး တာဝန္မ်ားထမ္းေဆာင္ေနသည့္ ေမွာ္စီစာ ရာအိမ္မွဴးနွင့္အဖြဲ႔အား သာယာကုန္းေက်းရြာမွ အရန္မီးသတ္တပ္ဖြဲ႔ဝင္မ်ားပါဝင္သည့္ အဖြဲ႔မွ ဝ္ိုင္ဝန္းရိုက္နွက္သည့္ ျဖစ္စဥ္တစ္ခုျဖစ္ ခဲ႔ ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ေဖေဖာ္ဝါရီ(၁၀)ရက္၊ည(၁၀း၃၀) နာရီအခ်ိန္က ေမွာ္စီစာေက်းရြာ ရာအိမ္မွဴး ဦးျမေရႊနွင့္အဖြဲ႔ဝင္သံုးဦးသည္ လွည့္ကင္း ေဆာင္ရြက္ရင္း၊ေျမစာပံုအနီးရွိေစ်းဆိုင္တန္းမ်ားတြင္ ခဏတာဝင္ေရာက္ရာ သာယာကုန္း ေက်းရြာမွ အရန္မီးသတ္တပ္ဖြဲ႔ဝင္မ်ား ပါဝင္ သည့္အင္အား(၁၀)ဦးခန္႔မွ တုတ္မ်ား၊ခဲမ်ား
နွင့္ေတြ႔ရသျဖင့္
အႏၲရာယ္ျဖစ္ေစနိုင္သည့္ အတြက္ တားျမစ္ရာမွ ၎တုိ႔ကုိ ဝိုင္းဝန္း ရိုက္နွက္ခဲ့ျခင္းျဖစ္ေၾကာင္း အဆိုပါရာအိမ္မွဴး မွေျပာၾကားသည္။

“မေန႔ညက၊ဆယ္နာရီေက်ာ္ေလာက္မွာ လွည့္ကင္းေတြလိုက္စစ္ရင္းနဲ႔ ေျမစာေလ်ွာတဲ႔ ေနရာကိုသြားၾကည့္တာေပါ့။အဲဒီမွာ သာယာ ကုန္းေက်းရြာကအရန္မီးသတ္ဦးလွျမင့္ အပါအဝင္ဆယ္ေယာက္ေက်ာ္တယ္၊ဝိုင္းၿပီး
ေတာ့ရိုက္က်တာေပါ့။ဘာမွလည္းေမးလို႔၊ရွင္းလို႔မရဘူး။ဝိုင္းၿပီးရိုက္က်တာ။ က်ြန္ေတာ္တို႔ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ေတြနဲ႔မီးသတ္တပ္ဖြဲ႔ဝင္ေတြဟာ ညီ၊အကိုေတြလိုပါပဲ။ရပ္ရြာအတြက္ ပရဟိ တစိတ္နဲ႔လုပ္ေနၾကတာပါ။အခုကိစၥကေတာ့သူမ်ားေက်းရြာက္ိုလာၿပီး အုပ္စုဖြဲ႔ၿပီး ရမ္းကား တာကေတာ့၊လူမႈေရးအရေရာ၊ဥပေဒအရပါ လကၡံလို႔မရပါဘူး။ ဒါေၾကာင့္အမႈဖြင့္ ထား ပါတယ္။ဥပေဒအရ ထိထိေရာက္ေရာက္ အေရး ယူေပးေစခ်င္ပါတယ္ ”ဟု ဟု ေဆးဝါး ကုသမႈခံယူေနသည့္ ဦးျမေရႊကေျပာသည္။

အဆိုပါကိစၥရပ္နွင့္ပါတ္သတ္၍ က်ဴးလြန္ခဲ့သူ မ်ားကုိ လူမႈေရးအရေတာင္းပန္ခိုင္းထား ေသာ္လည္း ကာယကံရွင္နစ္နာသူမ်ားဘက္မွ ေက်နပ္မႈမရွိပါက တရားဥပေဒ၏ ဆံုးျဖတ္မႈကို ခံယူရမည္ဟု ဖားကန္႔ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးေက်ာ္ဝင္းေဆြ မွေျဖၾကားသည္။

အခင္းျဖစ္ပြါးရာတြင္ သာယာကုန္းအရန္မီး သတ္တပ္ဖြဲ႔ဝင္မ်ား၏ဝိုင္းဝန္းရိုက္နွက္မႈေၾကာင့္ ဦးျမေရႊ(ရာအိမ္မွဴ း၊ေမွာ္စီစာေက်းရြာ)တြင္ ဦးေခါင္း၊လက္ဖ်ံနွင့္မ်က္နွာမ်ားတြင္ ဖူးေရာင္၊ ေပါက္ၿပဲဒါဏ္ရာမ်ားရရွိ ၿပီး၊ဦးျမင့္သိန္းတြင္ ဦးေခါင္း၊လက္နွင့္မ်က္နွာမ်ားတြင္ ဒါဏ္ရာမ်ား ရရွိရာ လံုးခင္းတိုက္နယ္ေဆးရံုတြင္ ေဆးဝါးကု သေနေၾကာင္းသိရသည္။

ယင္းျဖစ္စဥ္နွင့္ပါတ္သတ္၍ လံုးခင္းနယ္ေျမရဲ စခန္းမွ ရာဇသတ္ႀကိီးပုဒ္မ ၂၉၄၊၃၂၅၊ ၁၁၄ အစရွိသည့္ပုဒ္မမ်ားျဖင့္ အမႈဖြင့္လကၡံထားရွိၿပီး ဥပေဒအရ ဆက္လက္ေဆာင္ရြက္သြား မည္ျဖစ္ ေၾကာင္း သိရသည္။

ေနာင္ရိုး

ကျေးရွာလုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရာအိမ်မှူးနှင့်အဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခံရ

EPN
ဖားကန့်၊ ဖေဖော်ဝါရီ၁၂

ဖားကန့်မြို့နယ်၊လုံးခင်းအုပ်စု၊မှော်စီစာကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံတွင် ကျေးရွာလုံခြုံရေး တာဝန်များထမ်းဆောင်နေသည့် မှော်စီစာ ရာအိမ်မှူးနှင့်အဖွဲ့အား သာယာကုန်းကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့မှ ဝိုင်ဝန်းရိုက်နှက်သည့် ဖြစ်စဉ်တစ်ခုဖြစ် ခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ(၁၀)ရက်၊ည(၁၀း၃၀) နာရီအချိန်က မှော်စီစာကျေးရွာ ရာအိမ်မှူး ဦးမြရွှေနှင့်အဖွဲ့ဝင်သုံးဦးသည် လှည့်ကင်း ဆောင်ရွက်ရင်း၊မြေစာပုံအနီးရှိဈေးဆိုင်တန်းများတွင် ခဏတာဝင်ရောက်ရာ သာယာကုန်း ကျေးရွာမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင် သည့်အင်အား(၁၀)ဦးခန့်မှ တုတ်များ၊ခဲများ
နှင့်တွေ့ရသဖြင့် အန္တရာယ်ဖြစ်စေနိုင်သည့် အတွက် တားမြစ်ရာမှ ၎င်းတို့ကို ဝိုင်းဝန်း ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရာအိမ်မှူး မှပြောကြားသည်။

“မနေ့ညက၊ဆယ်နာရီကျော်လောက်မှာ လှည့်ကင်းတွေလိုက်စစ်ရင်းနဲ့ မြေစာလျှောတဲ့ နေရာကိုသွားကြည့်တာပေါ့။အဲဒီမှာ သာယာ ကုန်းကျေးရွာကအရန်မီးသတ်ဦးလှမြင့် အပါအဝင်ဆယ်ယောက်ကျော်တယ်၊ဝိုင်းပြီး
တော့ရိုက်ကျတာပေါ့။ဘာမှလည်းမေးလို့၊ရှင်းလို့မရဘူး။ဝိုင်းပြီးရိုက်ကျတာ။ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ညီ၊အကိုတွေလိုပါပဲ။ရပ်ရွာအတွက် ပရဟိ တစိတ်နဲ့လုပ်နေကြတာပါ။အခုကိစ္စကတော့သူများကျေးရွာကိုလာပြီး အုပ်စုဖွဲ့ပြီး ရမ်းကား တာကတော့၊လူမှုရေးအရရော၊ဥပဒေအရပါ လက္ခံလို့မရပါဘူး။ ဒါကြောင့်အမှုဖွင့် ထား ပါတယ်။ဥပဒေအရ ထိထိရောက်ရောက် အရေး ယူပေးစေချင်ပါတယ် ”ဟု ဟု ဆေးဝါး ကုသမှုခံယူနေသည့် ဦးမြရွှေကပြောသည်။

အဆိုပါကိစ္စရပ်နှင့်ပါတ်သတ်၍ ကျူးလွန်ခဲ့သူ များကို လူမှုရေးအရတောင်းပန်ခိုင်းထား သော်လည်း ကာယကံရှင်နစ်နာသူများဘက်မှ ကျေနပ်မှုမရှိပါက တရားဥပဒေ၏ ဆုံးဖြတ်မှုကို ခံယူရမည်ဟု ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးကျော်ဝင်းဆွေ မှဖြေကြားသည်။

အခင်းဖြစ်ပွါးရာတွင် သာယာကုန်းအရန်မီး သတ်တပ်ဖွဲ့ဝင်များ၏ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဦးမြရွှေ(ရာအိမ်မှူ း၊မှော်စီစာကျေးရွာ)တွင် ဦးခေါင်း၊လက်ဖျံနှင့်မျက်နှာများတွင် ဖူးရောင်၊ ပေါက်ပြဲဒါဏ်ရာများရရှိ ပြီး၊ဦးမြင့်သိန်းတွင် ဦးခေါင်း၊လက်နှင့်မျက်နှာများတွင် ဒါဏ်ရာများ ရရှိရာ လုံးခင်းတိုက်နယ်ဆေးရုံတွင် ဆေးဝါးကု သနေကြောင်းသိရသည်။

ယင်းဖြစ်စဉ်နှင့်ပါတ်သတ်၍ လုံးခင်းနယ်မြေရဲ စခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၉၄၊၃၂၅၊ ၁၁၄ အစရှိသည့်ပုဒ်မများဖြင့် အမှုဖွင့်လက္ခံထားရှိပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။