Trending Now

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မသင်္ကာဖွယ်ဆိုက်ကားတစ်စီးအား စစ်‌ဆေးရာမှ တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများ ဖမ်းမိ

Spread the love

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မသင်္ကာဖွယ်ဆိုက်ကားတစ်စီးအား စစ်‌ဆေးရာမှ တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူအတုများ ဖမ်းမိ
EPN
ရန်ကုန်၊ မေ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်းတွင် ယမန်နေ့ ညနေ ၅ နာရီကျော် အချိန်က မသင်္ကာဖွယ်ဆိုက်ကားတစ်စီးအား စစ်‌ဆေးရာမှ တစ်သောင်းတန်နှင့် ငါးထောင်တန်ငွေစက္ကူအတု များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ ဒုဌဝတီလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယမန်နေ့ ညနေပိုင်းက ညလုံခြုံရေးတပ်ဖွဲ့များမှ မသင်္ကာဖွယ်ဆိုက်ကားတစ်စီးအား တွေ့ရှိသည့်အတွက် တားစီးစဉ် ဆိုက်ကားပေါ်လိုက်ပါလာသည့် အမျိုးသားသုံးဦးအနက် နှစ်ဦးမှာ ထွက်ပြေးသွားခဲ့သည်။

ကျန်တစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ရာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ မင်းမင်း (ခေါ်) မင်းခန့်ဖြစ်ပြီး၊ ၎င်းကိုင်ထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ကျပ်တစ်သောင်းတန်စက္ကူအတု (၁၈၇) ရွက်၊ ငါးထောင်တန် ငွေစက္ကူအတု (၆၃၉) ရွက်တို့ကို တွေ့ရှိခဲ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား ငွေစက္ကူအတုများ ကိုင်ဆောင်မှုကြောင့် ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး၊ ထွက်ပြေးသူနှစ်ဦးကိုလည်း အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စီစဉ်ဆောက်ရွက်လျှက်ရှိကြောင်း သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။