Trending Now

ပူတာအို-နမ်ထွမ်ခူးလမ်း မြေသားလမ်းမှ ကျောက်ချောလမ်း အဆင့်မြှင့်တင် ဆောင်ရွက်

Spread the love

ပူတာအို-နမ်ထွမ်ခူးလမ်း မြေသားလမ်းမှ ကျောက်ချောလမ်း အဆင့်မြှင့်တင် ဆောင်ရွက်

EPN
ပူတာအို၊ ဇွန်၂၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေဖြင့် ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်းအား မြေသားလမ်းမှ ကျောက်ချောလမ်း(၁၄)မိုင်အနက် အဆင့်မြှင့် တင်ရန် ကျန်ရှိသည့် တစ်မိုင် လေးဖာလုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းကြောင့် ယခုအခါ ရာသီမရွှေး အချိန်တိုအတွင်းဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ပူတာအို-နမ်ထွမ်ခူးလမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီးဌာန ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ ငွေကျပ်သန်းပေါင်း (၁၈၇.၀၀၁)သန်းဖြင့် လမ်းအရှည် (၁)မိုင်(၄)ဖာလုံ၊လမ်းအကျယ်(၁၂)ပေအားကျောက် (၁၂) လက်မထု၊ လမ်းပုခုံး တစ်ဖက်လျှင် လေးပေတို့ကို တိုးတက်သောရွှေနိုင်ငံ ဆောက်လုပ်ရေး ကုမ္ဗဏီကတာဝန်ယူ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ယင်း ပူတာအို-နမ်ထွမ်ခူးကျေးရွာအုပ်စုသို့ဆက်သွယ်ထားသည့်လမ်းသည် ယခင်ကမိုးရာသီတွင် လူ များသာသွားလာနိုင်ပြီး သုံးဘီး မော်တော် ဆိုင်ကယ်များ သွားလာရန် အခက်အခဲရှိခဲ့သော်လည်း ယခုအခါ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ ဖြင့် မြေသားလမ်းမှကျောက်ချော လမ်းအဆင့်မြှင့်တင်ဆောင်ရွက် ပေးနေခြင်းကြောင့် နမ်ထွမ်ခူးကျေးရွာအုပ်စုအတွင်းရှိ လူဦးရေ (၃၀၀၀)ကျော်၏ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသတွင်းခရီးသွား လုပ်ငန်းပါ ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် သုံးဘီး မော်တော် ဆိုင်ကယ်များဖြင့် ရာသီမရွှေး အချိန်တိုအတွင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစစ်ဆေးရေးကော်မတီအဖွဲ့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုးရွှေ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးယောဆီ၊ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး တို့နှင့်အတူ ဇွန်(၂၇)ရက်က ပူတာအို-နမ်ထွမ်ခူးလမ်း မြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ် ကျောက်ခင်း၍ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိ သော လမ်းနှင့်တံတားများ၊ အမက-နမ်ထွမ်ခူး ကျောင်းတွင် ပညာရေးဌာန ပြင်ထိန်း ရန်ပုံငွေဖြင့် ကျောင်းကော်မတီများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။