Trending Now

အာဖဂန်နစ္စတန်က အမေရိကန်စစ်တပ်ဆုတ်ခွာမှုကို ရီပတ်ဘလီကန်များက စုံစမ်းနေ

Spread the love

အာဖဂန်နစ္စတန်က အမေရိကန်စစ်တပ်ဆုတ်ခွာမှုကို ရီပတ်ဘလီကန်များက စုံစမ်းနေ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄

ရီပတ်ဘလီကန်ဥပဒေပြု အမတ်တွေဟာ အာဖဂန်နစ္စတန်က ရုန်းရင်းဆန်ခတ်ဆုတ်ခွာခဲ့ရတဲ့ အမေရိကန် စစ်ရေးဆုတ်ခွာမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။

အာဖဂန်နစ္စတန်စစ်ပွဲအတွင်း အမေရိကန်စစ်သား ၂၅၀၀ နီးပါး သေဆုံးခဲ့ရသလို စစ်ရေးအသုံးစာရိတ် ဒေါ်လာ ၂ ထရီလီယံပါး ဆုံးရှုံးခဲ့ရတဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ အရှည်ကြာဆုံး စစ်ပွဲဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ မိုက်ကယ် မက်ကောလ် က တာလီဘန်တွေနဲ့ ဆက်နွယ်နေတဲ့ မှတ်တမ်းတွေကို ပေးဖို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို တောင်းဆိုခဲ့တယ်လို့ မနေ့က ပြောဆိုခဲ့ပါတယ်။

အခုနှစ်အစပိုင်းမှာ အောက်လွတ်တော် ဥက္ကဌဖြစ်လာတဲ့ နှစ်ရှည်လများ အတိုက်အခံအဖွဲ့ဝင် မိုက်ကယ် မက်ကောလ်က အာဖဂန်က ရုန်းရင်းဆန်ခတ်ဆုတ်ခွာခဲ့ရပြီးတဲ့နောက် သတင်းအချက်လက်တွေကို ဆက်လက်ထိန်းသိမ်းထားတာဟာ ရှက်စရာကောင်းတယ်လို့ ဘိုင်ဒင်အစိုးရကို ရှုတ်ချခဲ့ပါတယ်။

စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုတွေကို မလိုက်နာပါက ကော်မတီက မဖြစ်မနေလုပ်ငန်းစဉ်တွေ အပါအဝင် တောင်းဆိုချက်တွေကို လိုက်နာဆောင်ရွက်တဲ့အထိ လိုအပ်သလို အကောင်အထည်ဖော်သွားမယ်လို့ မက်ကောလ် က သတိပေးခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက အလျင်စလို ဆုတ်ခွာမှုဟာ ပေးဆပ်ရမယ့် တန်ဖိုးကြီးမားကြောင်း နေတိုးအကြီးအကဲက သတိပေးခဲ့ပေမယ့် ဘိုင်ဒင်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ရုန်းရင်းဆန်ခတ် ဆုတ်ခွာခဲ့ရပြီး တာလီဘန်တို့က နိုင်ငံကို ချက်ချင်းသိမ်းပိုက်သွားခဲ့ပါတယ်။

အာဖဂန်နစ္စတန်က ဆုတ်ခွာပြီးနောက် တစ်နှစ်အကြာမှာ ပြုလုပ်ခဲ့တဲ့ Gallup ရဲ့ စစ်တမ်းတစ်ခုအရ စစ်ပွဲအတွင်းတာဝန်ထမ်းဆောင်ခဲ့သူ ၅၀ ရာခိုင်နှုန်းဟာ စစ်ပွဲတစ်ခုလုံး မှားယွင်းခဲ့တယ်လို့ ဆိုကြပါတယ်။

— ကိုးကား —
aljazeera
ref; Republicans probe chaotic US military withdrawal from Afghanistan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။