Trending Now

လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် ရေနှစ်သတ်ဖြတ်သူကို ဝိုင်းမော်မြို့မရဲစခန်း၌ ဖမ်းဆီးအရေးယူထား

Spread the love

လေးနှစ်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် ရေနှစ်သတ်ဖြတ်သူကို ဝိုင်းမော်မြို့မရဲစခန်း၌ ဖမ်းဆီးအရေးယူထား

EPN
ဝိုင်းမော်၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းက လေးနှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့် ရေနှစ်သတ်ဖြတ်ခဲ့သူကို ဝိုင်းမော်မြို့မရဲစခန်း၌ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နောင်တာလောကျေးရွာ အရှေ့ဘက်ရှိ အုတ်ဖိုအနီးတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းက အသက် လေးနှစ်အရွယ် မိန်းကလေးငယ် ***** ဆိုသူအား အုတ်လုပ်သား မဲလုံး (ခ) ပေါက်ခေါ (ခ) စိုးလင်း ဆိုသူမှ အဓမ္မပြုကျင့် ရေနှစ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းပတ်ဝန်းကျင်၌ နေထိုင်သူ တစ်ဦးက ပြောပြသည်။

“ကလေးရဲ့အဖေက မြစ်ကြီးနားကို အုတ်ပို့ပြီး ပြန်လာပြီး ကလေးကို မတွေ့တော့ဘူး၊ အုတ်ကွင်းက အလုပ်သမားတွေကို မေးတော့ မဲလုံးဆိုတဲ့သူက မနက်က ကွင်းထဲဝင်လာတဲ့အချိန် မူမမှန်တာ၊ သဲတွေပေကျံနေပြီး လက်မောင်းနဲ့ ကျောဘက်တွေမှာ ပွန်းခြစ်ရာတွေ တွေ့ရတယ် ပြောကြတယ်၊ ဒါနဲ့ အဲ့ဒီလူကို စစ်မေးတော့ ကလေးကို ရေချိုးပေးမယ်ဆိုပြီး ချောင်းထဲခေါ်သွားတယ်၊ ပြီးတော့ ရေနစ်သတ်ခဲ့ပြီး ချောင်းဘေးမှာဘဲ သားမယားပြုကျင့်ခဲ့တယ်လို့ ဝန်ခံတာ၊ ကလေးကိုတော့ အုတ်ဖိုရဲ့ အနောက်မှာ ရှိတဲ့ ချောင်းဘေးမှာ အဝတ်အစားတွေလဲ မပါ ပက်လက်ကြီးတွေခဲ့တာ၊ ဒါနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက တဆင့် ရဲစခန်းကို ပို့လိုက်တာဟု ” ဟု ၎င်းက ပြောပြသည်။

ပြစ်မှုကျူးလွန်သူ မဲလုံး (ခ) ပေါက်ခေါ (ခ) စိုးလင်း ဆိုသူကို ဝိုင်းမော်မြို့နယ်၊ မြို့မရဲစခန်းက (ပ)၁၉/၂၀၂၃ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၃၇၆ /၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။