Trending Now

ပစိဖိတ်ဒေသမှာ ရုရှားနဲ့ တရုတ်ရေတပ်တို့ ပူတွဲကင်လည့်ကာ စစ်ရေးလေ့ကျင့်မှုပြုလုပ်

Spread the love

ပစိဖိတ်ဒေသမှာ ရုရှားနဲ့ တရုတ်ရေတပ်တို့ ပူတွဲကင်လည့်ကာ စစ်ရေးလေ့ကျင့်မှုပြုလုပ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁၆

ရုရှားနဲ့ တရုတ်ရေတပ်တို့ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်း ပူတွဲကင်လည့်မှုတွေ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေဟာ ပူးတွဲနည်းဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွေကို အမြောက်နဲ့ ရဟတ်ယဉ်တွေကို အသုံးပြုပြီး လေ့ကျင့်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စစ်ဆင်ရေးမှုအတွင်း ဖရီးဂိတ် နဲ့ ကာ်ဗတ်အတန်းအစားရှိ ရုရှားစစ်ရေယာဉ်တွေ ပူးပေါင်းပါဝင်ခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးယိုယွင်းလာတဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ စစ်ရေး၊ သံတမန်ရေးကို နက်ရှိုင်းစေခဲ့တယ်လို့ ဆိုပါတယ်။

“ကင်းလှည့်ခြင်းလုပ်ငန်းမှာ ရုရှားနဲ့ တရုတ်ကြား ရေတပ်ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေး၊ အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ပံ့ပိုးပေးရေး၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးနဲ့ ရုရှားနဲ့ တရုတ် ရေတပ်စီးပွားရေးနေရာတွေကို အကာအကွယ်ပေးရေးတို့ ပါဝင်ပါတယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ် ရဲ့ မြင့်တက်လာနေတဲ စူပါပါဝါနဲ့ ရုရှားရဲ့ သဘာဝအရင်းအမြစ်တွေကြား အကန့်အသတ်မရှိ နက်ရှိုင်းတဲ့ မိတ်ဖက်ဆက်ဆံရေးဟာ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေရတဲ့ ပထဝီဝင်နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ပါတယ်။

ရုရှားသမ္မတနဲ့ တရုတ်သမ္မတတို့ မနေ့က ဥဇဘက်ကစ္စတန်က သီးခြားအစည်းအဝေးတစ်ခုမှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေထွက်ပေါ်လာပြီးနောက် ပူတွဲကင်းလည့်မှု သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်နေမှုကို အမေရိကန်နဲ့ အခြားအနောက်နိုင်ငံတွေကို သရုပ်ပြဖို့ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ထိပ်သီးအစည်းအဝေးပွဲမှာ တက်ရောက်တွေ့ဆုံနေကြသလို တရုတ်စစ်တပ်ဟာ အခုလအစောပိုင်းကလည်း ရုရှားရှေ့ပိုင်းမှာ ကျင်ပခဲ့တဲ့ ရုရှားအကြီးစား စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ပါဝင်ခဲ့ပါသေးတယ်။

— ကိုးကား —
ရိုက်တာ
ref;Russia says its navy in joint patrols with China in Pacific

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။