Trending Now

မလေးရှားနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံများကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Spread the love

မလေးရှားနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံများကို ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

EPN
မြစ်ကြီးနား၊ သြဂုတ် ၃၁

မြန်မာနိုင်ငံသည် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုများကိုဖြေလျော့သည့်အနေဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ပြီး မလေးရှားနိုင်ငံမှလွဲ၍ ကျန်အာဆီယံနိုင်ငံများကို ပြည်ဝင်ခွင့်ဗီဇာ ကင်လွတ်ခွင့်ပြုသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန်တွင် ပြည်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုများကို ပြန်လည်ဖြေလျော့မှုများအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ တို့မှ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံအကြား သံတမန်/ အထူးနှင့် သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ကို စက်တင်ဘာ ၁ ရက်နေ့မှ စတင်၍ ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းသို့ ပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်းထည့်သွင်းဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။