Trending Now

ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းရေး ဓာတ်တော်တိုက်စေတီအတွက် ကချင်အထူးဒေသ (၁) ဥက္ကဌကြီး ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းမှ ငွေကျပ်သိန်း ၂၀၀ လှူဒါန်း

Spread the love

ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ငြိမ်းချမ်းရေး ဓာတ်တော်တိုက်စေတီအတွက် ကချင်အထူးဒေသ (၁) ဥက္ကဌကြီး ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းမှ ငွေကျပ်သိန်း ၂၀၀ လှူဒါန်း

EPN
မြစ်ကြီးနား ဇွန်လ ၂၇

မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတ ဝန်သိုကျောင်းတိုက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုယ်ကွယ်မည့် ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီအတွက် ကချင် အထူးဒေသ(၁) ဥက္ကဌ ဝဏ္ဏကျော်ထင်ဦးဇခုန်တိန့်ယိန်းမှ ငွေကျပ်သိန်း နှစ်ရာ ကို ယနေ့ ဇွန်လ (၂၇)ရက်နေ့ နေ့လည် (၂)နာရီခန့်က သွားရောက်လှူဒါန်းခဲ့သည်။

အသစ်တည်ထားကိုးကွယ်မည့် ဓာတ်တော်တိုက်ကို ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ထားကိုးကွယ်သွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးဓာတ်တော်တိုက် စေတီအတွက် အုတ်မြစ်တိုင် အလုံးပေါင်း (၇၀) စိုက်ထူမည်ဖြစ်ကာ တစ်တိုင်လျှင် ငွေကျပ် သိန်း တစ်ရာ ခန့် ကုန်ကျမှာဖြစ်ပြီး ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းမှ အုပ်မြစ်တိုင် နှစ်လုံးစာအတွက် လာရောက်လှူဒါန်းခဲ့သည့်အပေါ် ဓမ္မရက္ခိတ ဝန်သိုကျောင်းတိုက် ကျောင်းထိုင်ဆရာတော်မှ ယခုကဲ့သို့မိန့်ကြားခဲ့သည်။

“ အသစ်တည်ထားမယ့် ဓါတ်တော်တိုက်စေတီတော်မှာ တရုတ်ပြည် ဖာတိယန် ရဟန်းတော်က ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မှုပြီးနောက် ရရှိခဲ့တဲ့ ဓာတ်တော်တွေကို တိဘက် တဟွန်မှ ဒကာနှစ်ယောက်ကိုစေလွတ်ခဲ့ပြီး သယ်ယူပင့်ဆောင်လာခဲ့တဲ့ အံတော်မြတ် နဲ့ ဓါတ်တော်မြတ်များကို ပူဇော်ထားရှိဖို့ ငြိမ်းချမ်းရေး ဓါတ်တော်တိုက်စေတီကို တည်ထားမှာဖြစ်တယ် အဲ့ဒီအတွက် ယနေ့မှာ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းက အုပ်မြစ်တိုင် နှစ်လုံး စာအတွက် ကျပ်သိန်း (၂၀၀)ကို လာရောက်လှူဒါန်းတာဖြစ်တယ်၊ စေတီတော်ကို အုပ်မြစ်တိုင် (၇၀) လောက် စိုက်ထူမှာဖြစ်တယ် တစ်တိုင်ကို ကျပ်သိန်း (၁၀၀)ကျမှာဖြစ်တယ်၊ အာစီကွန်ကရစ်တိုင်တွေဖြစ်တယ်၊” ဟု ဆရာတော်မှ မိန့်ကြားခဲ့သည်။

ယင်း ငြိမ်းချမ်းရေးဓါတ်တော်တိုက်စေတီအတွက် အုပ်မြစ်တိုင်း (၇၀)ခန့်ဖြင့် စိုက်ထူတည်ထားမည်ဖြစ်ကာ တစ်တိုင်လျှင် ငွေကျပ် သိန်း (၁၀၀)ခန့်ရှိပြီး အုပ်မြစ်တိုင်မှာ အာစီကွန်ကရစ်တိုင်ဖြစ်ကာ မြေအောက်ဘက်တွင် ပေ (၅၀) နှင့် မြေအပေါ်ဘက်တွင် ပေ (၁၂၀)ကျော် ထားရှိမှာဖြစ်ကြောင်းသိရသည်။

အဆိုပါ စေတီအတွက် ပန္နက်တော်တင် ၊ တွင်းတော်ဝန်း အုဌ်မြစ်တော်စီ မဟာ မင်္ဂလာ အခမ်းအနားကိုလည်း ဇွန်လ (၂၉)ရက်နေ့တွင် ရှမ်းစုမြောက်ရပ်ကွက် ဓမ္မရက္ခိတ ဝန်သိုကျောင်းတိုက် ဧရာဝတီမြစ်ကမ်းဘေးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ငြိမ်းချမ်းရေးဓါတ်တော်တိုက်စေတီအတွက် လှူဒါန်းလိုပါက သဲတစ်စီး လျှင် ငွေကျပ် ငါးသောင်းငါးထောင် (၅၅၀၀၀)၊ ကျောက်လုံးကြီးတစ်စီးလျှင်ငွေကျပ် ခြောက်သောင်းငါးထောင် (၆၅၀၀၀) ၊ သံကျောက်တစ်စီးလျှင် ငွေကျပ် ငါးသောင်းငါးထောင် (၅၅၀၀၀)၊ စကာ ကျောက်တစ်စီးလျှင် ငါးသောင်းငါးထောင် (၅၅၀၀၀)၊ ဘိလပ်မြေတစ်အိတ် (၉၅၀၀)ကျပ်၊ သံပင်တစ်တန်(ဆိုဒ်စုံ)လျှင် ငွေကျပ် တစ်ဆယ့်ခြောက်သိန်းငါးသောင်း (၁၆၅၀၀၀၀)၊ အုတ်ကားတစ်စီးလျှင် လေးသိန်း ငါးထောင် (၄၀၅၀၀၀) အုတ်ချပ် (၃၀၀၀)ပါ၊ သစ်ကြမ်းတစ်တန်လျှင် ငါးသိန်းကျပ် (၅၀၀၀၀၀) ကျသင့်မည်ဖြစ်ကာ အလှူရှင်များအနေဖြင့် လှူဒါန်းလိုပါက ဓမ္မရက္ခိတ ဝန်သိုကျောင်းတိုက် ၊မြစ်ကြီးနားမြို့ ၊ ၀၉ ၂၄၀၀၅၆၆၊ ၀၉၇၇၇၁၉၉၁၂၊ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။