Trending Now

မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ် မော်ဟန်ဒေသတွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိ

EPN
မိုးညှင်း၊ မေ ၁၇

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ဒေသ မော်ဟန်ကျေးရွာနှင့် နမ္မချီကျောက်စိမ်းမှော်သွားလမ်း ငါးကန်ဟောင်းအနီးတွင် သတင်းအရရှာဖွေရှာမှ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဥ်မှာ မေလ(၁၆)ရက်နေ့ ညနေ (၆)နာရီအချိန်ခန့်က မိုးညှင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် ထွန်းလှိုင်နှင့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ တင်ဆောင်လာသည်ဟုသတင်းရရှိသဖြင့် မော်ဟန်-နမ္မချီမှော်သွားလမ်း ငါးကန်ဟောင်းအနီး စောင့်ဆိုင်းနေစဉ် နမ္မချီမှော်ဘက်မှ မော်ဟန်ကျေးရွာဘက်သို့ ယာဉ်မောင်း ကျော်သက်ဦး
မောင်းနှင်လာသော IPSUM အမျိုးအစား အဖြူရောင် လိုင်စင်မဲ့ယာဉ်အား တားဆီးစစ်ဆေးရာမှ တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်း အရိုင်းတုံးများ ဖမ်းဆီးရမိခဲ့ကြသည်။

အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်း ကျော်သက်ဦးနှင့်အတူ ကြည်ရုံ၊ ဝေဦးနှင့် သက်အောင်ဝင်း ဆိုသူတို့ (၄)ဦး လိုက်ပါလာပြီး ယာဉ်နောက်ခန်းအား ရှာဖွေရာကျောက်စိမ်းအရိုင်းတုံးဟု ယူဆရသော ကျောက်တုံးများထည့်ထားသည့် အဖြူရောင်ဆာလာအိတ် (၁၀)အိတ်အား ရှာဖွေတွေ့ရှိ၍ သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့သည်။

အဆိုပါ အဖြူရောင်ဆာလာအိတ်များအတွင်းမှ ကျောက်စိမ်းအရိုင်းတုံးဟုယူဆရသော ကျောက်တုံး (၂)တုံးပါ အလေးချိန် (၄၀)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၈၂)တုံးပါ အလေးချိန် (၂၄)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၁၁၁)တုံးပါ အလေးချိန် (၂၈) ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၁၀၃)တုံးပါ အလေးချိန် (၁၄)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၅၀)တုံးပါ အလေးချိန် (၂၃)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၁၁၁)တုံးပါ အလေးချိန် (၁၅)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၅၀)တုံးပါ အလေးချိန် (၂၀) ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၁၀၀)တုံးပါ အလေးချိန် (၂၀)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ ကျောက်တုံး (၈၀)တုံးပါ အလေးချိန်(၂၈)ကီလိုဂရမ်ခန့်ရှိ တစ်အိတ်၊ကျောက်အပိုင်းအစများပါ အလေးချိန် (၁၇)ကီလိုဂရမ်ခန့်ရှိ တစ်အိတ် စုစုပေါင်း (၁၀)အိတ် အလေးချိန် (၂၂၉) ကီလိုဂရမ်ခန့်တို့အား ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ သယ်ဆောင်လာကြသော ယာဉ်မောင်း ကျော်သက်ဦး (၃၂)နှစ် (ဘ)ဦးချင်းလုံ နတ်ကြီးကုန်းရပ်ကွက် ဟိုပင်မြို့ မိုးညှင်းမြို့နယ်၊ ကြည်ရုံ (၃၂)နှစ် (ဘ)ဦးမြင့်ဦး ဝက်ကုန်းရပ်ကွက် ဟိုပင်မြို့ မိုးညှင်းမြို့နယ်၊ ဝေဦး (၃၀)နှစ် (ဘ)ဦးအေးခိုင် ဝက်ကုန်းရပ်ကွက် မိုးညှင်းမြို့နယ်၊ သက်အောင်ဝင်း (၂၅)နှစ် (ဘ)ဦးကောင်းကျုံးဇီ အောင်နန်းရပ်ကွက် ဟိုပင်မြို့ မိုးညှင်းမြို့နယ်နေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၆၈/၂၀၂၀ ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။