Trending Now

ဝက်လက်မြို့နယ် ရှေးဟောင်း ပစ္စည်းရှာဖွေရာမှ ရရှိခဲ့တဲ့ ကျောက်စိမ်း ဗုဒ္ဓဆင်းတု ၁ ဆူကို သိန်းတစ် သောင်းပေးသော်လည်း ပိုင်ရှင်က မရောင်း

Spread the love

ဝက်လက်မြို့နယ် ရှေးဟောင်း ပစ္စည်းရှာဖွေရာမှ ရရှိခဲ့တဲ့ ကျောက်စိမ်း ဗုဒ္ဓဆင်းတု ၁ ဆူကို သိန်းတစ် သောင်းပေးသော်လည်း ပိုင်ရှင်က မရောင်း

EPN
ဝက်လက် ၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ မြောက်ထန်းကြီးရွာနားက ယာကွက်တွေထဲမှာ ရှေးဟောင်းပစ္စည်း ရှာဖွေ တူးဖော်သူ တစ်ဦးဟာ အခုလ ၁၅ ရက်က ကျောက်စိမ်း ဗုဒ္ဓဆင်းတုတော် ၁ ဆူ ရရှိတယ်လို့ ရှေးဟောင်းပစ္စည်း ရှာဖွေသူတွေဆီက သိရပါတယ်။

“တွေ့ရှိရတဲ့ ဗုဒ္ဓဆင်းတုတော်က ကျောက် စိမ်း အစစ်ပါ ၊ ကျောက်အရည်အသွေး ကောင်းမွန်ပြီး လက်ရာသေသပ်တာကြောင့် ဝယ်လက်က သိန်း ၁ သောင်း ဈေးဖွင့်တယ် ၊ ပိုင်ရှင်က မရောင်းဘူး ကိုးကွယ်ဖို့ ထားမယ်ဆိုပြီး အခုထိတော့ ရောင်းဝယ်တာ အလုပ်မဖြစ်သေးဘူး ” လို့ ရှေးဟောင်းပစ္စည်းရှာဖွေသူ တယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ရှေးဟောင်းပစ္စည်း ရှာဖွေနေကြတဲ့ နေရာက ရရှိလာတဲ့ ဗုဒ္ဓကျောက်စိမ်းဆင်းတုတော်ဟာ ဉာဏ်တော်အမြင့် ၉ လက်မကျော် အရွယ်ရှိပြီး အလေးချိန် ဘယ်လောက်ရှိတယ်ဆိုတာ ချိန်မကြည့်ရသေးဘူးလို့ သိရပါတယ်။

အဲ့ဒီ ရှေးဟောင်းပစ္စည်းတွေ ရှာဖွေတွေ့ရတဲ့ နေရာဟာ ပျူခေတ်ယဉ်ကျေးမှု ထွန်းကားရာ ကမ္ဘာ့ ယဉ်ကျေးမှု့ အမွေအနှစ် စာရင်းဝင် ဟံလင်းမြို့ဟောင်းတည်ရှိတဲ့ နေရာဒေသဝန်းကျင်မှာ ရှိတာလို့ သိရပါတယ်။

အဲ့ဒါကြောင့် ဝက်လက်မြို့နယ်မှာ မီးဘေးသင့်ခံရတဲ့ ရွာပေါင်း ၂၀ ဝန်းကျင်က မီးဘေးဒုက္ခသည်တွေဟာ သူတို့ဘဝ ပြန်လည် ထူထောင်နိုင်ဖို့အတွက် မြောက်ထန်းကြီးရွားနားက ယာကွက်တွေထဲမှာ ရှေးဟောင်း ပစ္စည်းတွေ ရှာဖွေနေရတာလို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။