Trending Now

ယူကရိန်းသမ္မတက ပူတင်ကို ဆွေးနွေးပွဲထိုင်ရန် ရွဲ့စောင်းပြော

Spread the love

ယူကရိန်းသမ္မတက ပူတင်ကို ဆွေးနွေးပွဲထိုင်ရန် ရွဲ့စောင်းပြော

EPN

နိုင်ငံတကာ၊ မတ် ၄

ယူကရိန်းသမ္မတ ဇလန်စကီ သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဆွေးနွေးပွဲထိုင်ရန် ရွဲ့စောင်းပြောဆိုခဲ့ပြီး နိုင်ငံတကာ၏ ထောက်ခံအားပေးမှုကို ပိုမိုတောင်းဆိုခဲ့သည်။

မကြာသေးမီက နိုင်ငံရပ်ခြားခေါင်းဆောင်များနှင့် ရုရှားအရာရှိများ တွေ့ဆုံရာတွင် ပူတင်အသုံးပြုခဲ့သော စားပွဲရှည်ကြီးကို ရွဲ့စောင်း ကိုးကားကာ “ညှိနှိုင်းဖို့ ကျွန်တော်နဲ့ မီတာ ၃၀ အကွာမှာ ထိုင်ပါ ကျွန်တော် မကိုက်ပါဘူး။ မင်းဘာကိုကြောက်နေတာလဲ” ဟု ယူကရိန်းသမ္မတ က ပြောဆိုခဲ့သည်။

ရုရှားတပ်များသည် ယူကရိန်း အရှေ့တောင်ပိုင်းရှိ ဥရောပ၏ အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံသို့ ဦးတည်သွားနေကြပြီး ယူကရိန်းမှာ စစ်ဆင်ရေးတွေ တိုးမြှင့် စီစဉ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုခဲ့သည်။

ယူကရိန်းနိုင်ငံ ခါဆွန်မြို့ သည် ရုရှားထိန်းချုပ်မှုအောက်တွင်ရှိနေပြီး မြို့တော် ကိယက်ဗ်၊ အရှေ့မြောက်ပိုင်း ခါကိမြို့ နှင့် အရှေ့တောင်ဘက်ရှိ မာရီယိုပိုးလ်မြို့ အပါအဝင် အခြားမြို့များကိုလည်း ရုရှားတပ်များက ဆက်လက်တိုက်ခိုက်နေပါသည်။

ယူကရိန်းနှင့် ရုရှားစေ့စပ်ညှိနှိုင်းသူများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်နိုင်ရေး အကြိုအစီအစဉ်ကို သဘောတူညီခဲ့ကြသည်။

ရုရှား၏ ချေမှုန်းမှုကြောင့် လူပေါင်း တစ်သန်းကျော် ယူကရိန်းမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။