Trending Now

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်း အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

Spread the love

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်း အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်း ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ရုံးဝင်းအတွင်း ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး အရှေ့ မြက်ခင်းပြင်တွင် (၄၀) မမ ဗုံးသီးဟု ယူဆရသည့် ဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ယင်းပေါက်ကွဲမှုကြောင့် မြက်ခင်းပြင် အနည်းငယ် ပျက်စီးမှုသာရှိခဲ့ကြောင်း အစိုးရအဖွဲ့ရုံးအသိုင်းအဝိုင်း နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“မနက်ပိုင် မှာ ပေါက်ကွဲမှုဖြစ်သွားတာ၊ ရုံးရဲ့ အရှေ့မျက်ခင်းပြင်မှာ ဖြစ်သွားတာ၊ လူ၊ အဆောက်အအုံ ထိခိုက်မှုမရှိဘူး၊ မျက်ခင်ပြင် ပျက်စီးသွားတာပဲရှိတာ၊ သက်ဆိုင်ရာကတော့ ဗုံးအစတွေကိုကြည့်ပြီး (၄၀)မမ ဗုံးသီးလို့ သုံးသပ်ကြတယ်၊” ဟု ၎င်းက ပြောသည်။

ယင်းပေါက်ကွဲမှုကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပတ်ဝန်းကျင်းနေရာများတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်း ယခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညနေ (၇) နာရီခန့်ကလည်း မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းမိုင်းထောင်ဖောက်ခွဲသူပါ နေရာမှာပင် မိုင်းထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။