Trending Now

ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်အဖြစ်ကနေ ထိုင်ဝမ်သမ္မတ နုတ်ထွက်မယ်

Spread the love

ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်အဖြစ်ကနေ ထိုင်ဝမ်သမ္မတ နုတ်ထွက်မယ်

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈

ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ် ဟာ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့တဲ့ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ ရဲ့ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

စနေနေ့ညက ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဆိုင်းအင်ဝမ်က ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ဖို့ ကြေညာခဲ့တာဖြစ်ပြီး ဒါပေမဲ့ သူဟာ ထိုင်ဝမ်သမ္မတအနေနဲ့ ဆက်လက် တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ပါတီဟာ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုင်အင်ဝမ်က ပြောဆိုခဲ့ပြီး ထိုင်ဝမ်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်လို့လည်း သူက ပြောပါတယ်။

လေးနှစ်မှာ တစ်ကြိမ်သာပြုလုပ်တဲ့ အဲဒီ ရွေးကောက်ပွဲမှာ မြို့ဝန်၊ အုပ်ချုပ်ရေးမှူးနဲ့ ဒေသန္တရကောင်စီဝင် ၁၁,၀၀၀ လောက်ကို ရွေးချယ်ခဲ့ကြပြီး ရွေးကောက်ပွဲတွေမတိုင်မီ ဆိုင်အင်ဝမ် ရဲ့ ပါတီဟာ မြို့ဝန်နဲ့ အုပ်ချုပ်ရေးမှူးနေရာ ၇ ခုကို ပိုင်ဆိုင်ထားခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီးမှာတော့ နေရာ ၅ ခုအတွက်သာ အနိုင်ရရှိခဲ့ပါတယ်။

သူ့ ပါတီထဲက မြို့ဝန်နေရာအတွက် ယှဉ်ပြိုင်သူတွေဟာ တိုးယိုအမ်းမြို့ အပါအဝင် မြောက်ပိုင်းက မြို့ ၃ မြို့မှာ ရှုံးနိမ့်ခဲ့ပြီး သူ့ ပါတီဟာ တိုင်ပေမြို့က မြို့ဝန်နေရာကိုလည်း မရခဲ့ပါဘူး။

အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ တရုတ်ပြည်မကြီးကို ထောက်ခံတဲ့ ကူမင်တန်ပါတီကတော့ အထူးအုပ်ချုပ်ရေးနယ်မြေ ၆ ခုမှာ မြို့ဝန်နေရာ တစ်ဝက်ကျော်ကို အနိုင်ရရှိသွားပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

Source – NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။