Trending Now

အမေရိကန်ကို တန်ပြန်ဖို့အတွက် နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယား ပြော

Spread the love

အမေရိကန်ကို တန်ပြန်ဖို့အတွက် နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ မြောက်ကိုရီးယား ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၉

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က သူ့နိုင်ငံအနေနဲ့ အမေရိကန်ကို တန်ပြန်ဖို့ လိုအပ်တဲ့ နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ အလေးပေးပြောကြားခဲ့ပါတယ်။

မနေ့ကပြုလုပ်ခဲ့တဲ့ ရော်ဘာတံဆိပ်ခေါင်းပါလီမန်မှာ ကင်ဂျုံအန်းက အဲဒီလိုပြောကြားခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ ဥပဒေတွေကိုလည်း အတည်ပြုခဲ့ပါတယ်။

အတည်ပြုခဲ့တဲ့ ဥပဒေမှာ နျူကလီးယားလက်နက်ကို အသုံးပြုရန် လိုအပ်တဲ့ အခြေအနေတွေကို ဖော်ပြထားပြီး တကယ်လို့ တောင်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်းတွေကို “ရန်စတိုက်ခိုက်လာပါက” ရန်သူတပ်ဖွဲ့တွေအပေါ် မြောက်ကိုရီးယားစစ်တပ်က နျူကလီယားတိုက်ခိုက်မှုကို အလိုလျောက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မြောက်ကိုရီယားဟာ အစိုးရနဲ့ ပြည်သူတွေကို ကာကွယ်ဖို့အတွက် နျူကလီးယား အသုံးပြုနိုင်တဲ့အတွက် အိမ်နီးချင်းတွေအတွက် စိုးရိမ်ပူပန်မှုမြင့်တက်စေနိုင်တဲ့ အပြင်းထန်ဆုံးနျူကလီးယားအယူဝါဒကို ထင်ဟပ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ပြုလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကိုလည်း မြောက်ကိုရီးယားခေါင်းဆောင်က ပြစ်တင်ဝေဖန်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုဟာ နိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာပါက နျူကလီးယား လက်နက်ကို သေခြာပေါက်အသုံးပြုမယ်လို့ သတိပေးလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ ရည်ရွယ်ချက်ဟာ ကျွန်တော်တို့ရဲ့ နျူကလီးယားစွမ်းအားကို ဖယ်ရှားရုံသာမကဘဲ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးတွေကို အားနည်းသွားအောင်လုပ်ပြီး ကျွန်တော်တို့ကို ပြိုလဲသွားအောင်လုပ်ချင်နေတာပါ။” လို့ မြောက်ကိုရီးယားရဲ့ တရားဝင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက ထုတ်ပြန်တဲ့ မိန့်ခွန်းမှာ ကင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “အမေရိကန်က ကျွန်တော်တို့ကို ရက်ပေါင်း ၁၀၀၊ ရက်ပေါင်း ၁၀၀၀ ၊ နှစ်ပေါင်း ၁၀ နှစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပါစေ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ရှိမှုနဲ့ ပြည်သူတွေရဲ့လုံခြုံမှုကို ထိန်းသိမ်းတဲ့ ကိုယ်ပိုင်ခုခံပိုင်ခွင့် အခွင့်အရေးတွေကို ဘယ်တော့မှ လက်လွတ်မှာမဟုတ်ပါဘူး။” လို့ မြောက်ကိုရီးယားခေါင်းဆောင်က အတိအလင်းပြောဆိုခဲ့ပါတယ်။

ကင်ဂျုံအန်က ပြည်တွင်းပြဿနာတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားရဲ့ ကာလရှည်ကြာနှောင့်နေးနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုဝင်ဘာလမှာ စတင်ဖြန့်ချိမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကာကွယ်ဆေးတွေကို ဘယ်ကနေယူတယ် ဘယ်နေရာက လာတယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။

ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု COVAX ဖြန့်ဖြူးရေး အစီအစဉ်ကို လုပ်ဆောင်နေတဲ့ GAVI က မြောက်ကိုရီးယားဟာ တရုတ်နိုင်ငံကနေ ကာကွယ်ဆေးကမ်းလှမ်းမှုကို လက်ခံထားကြောင်း ဇွန်လမှာ ပြောကြားခဲ့ပြီး ကမ်းလှမ်းချက် အသေးစိတ် အချက်အလက်များကို ရှင်းလင်စွာမသိရသေးဘူးလို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ကုလအပါအဝင် အခြားနိုင်ငံတွေရဲ့ ယခင်ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့သလို အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ကာကွယ်ဆေး နဲ့ အခြားဆေးဝါး အထောက်အပံ့တွေကို လည်းလျစ်လျူရှုထားပါတယ်။

ကင်ဂျုံအမ်းရဲ့ နျူကလီးယားမိန့်ခွန်းဟာ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာနေတဲ့ သက်ကြီးရွယ်အိုတွေ၊ မိသားစုတွေ ယာယီပြန်လည်တွေ့ဆုံပွဲ ပြုလုပ်ဖို့ တောင်ကိုရီးယားက ကမ်းလှမ်းခဲ့ပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ Sejong Institute မှ အကြီးတန်းလေ့လာသုံးသပ်သူ Cheong Seong Chang က ကင်ရဲ့ မိန့်ခွန်းနဲ့ မြောက်ကိုရီးယားဥပဒေသစ်ဟာ ပြုံယမ်းရဲ့ ခေါင်းဆောင်ပိုင်ကို ဖြိုခွင်းဖို့ ကြိုးစားပါက အမေရိကန်နဲ့ တောင်ကိုရီးယားတို့အပေါ် နျူကလီးယားတိုက်ခိုက်မှု ချက်ချင်းပြုလုပ်မဲ့ သတိပေးချက်တစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၁၉ ခုနှစ်ကတည်းက တောင်ကိုရီယားကို ပစ်မှတ်ထားနိုင်တဲ့ နျူကလီးယားစွမ်းရည်ရှိသော တာတိုပစ်ဒုံးကျည် တီထွင်မှုကို အရှိန်မြှင့်လုပ်ဆောင်နေခဲ့ပြီး တောင်ကိုရီးယားဘက်မှာ ရှိနေတဲ့ အမေရိကန်ကလဲ မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေကို တုံ့ပြန်ဟန့်တားဖို့အတွက် တောင်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ခန့် တပ်စွဲထားတယ်လို့ ဆိုပါတယ်။

နျူကလီးယား ပဋိပက္ခကို ချေဖျက်ရန် အမေရိကန် ဦးဆောင်သော သံတမန်ရေး တွန်းအားပေးမှုတွေဟာ အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်း နဲ့ ယူကရိန်း-ရုရှား စစ်ပွဲကြောင့် ပိုမိုရှုပ်ထွေးခဲ့သလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာစေခဲ့ပါတယ်။ တောင်ကိုရီးယားကလည်း အခုနှစ်စကတည်းက တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုတွေကို ပြန်လည်အသက်သွင်းလာခဲ့ပါတယ်။

— ကိုးကား —
အေပီ
Ref;N. Korea says it will never give up nukes to counter US

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။