Trending Now

ရုရှားဟတ်ကာတွေက ယူကရိန်းနိုင်ငံပိုင် ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်

Spread the love

ရုရှားဟတ်ကာတွေက ယူကရိန်းနိုင်ငံပိုင် ဝက်ဘ်ဆိုက်တွေကို တိုက်ခိုက်

EPN
နည်းပညာ၊ မတ် ၆

ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာချိန်မှစတင်ပြီး ယူကရိန်းနိုင်ငံပိုင် ဝက်ဘ်ဆိုက်များဟာ ရုရှားဟက်ကာတွေရဲ့ မရပ်မနား တိုက်ခိုက်မှုခံနေရတယ်လို့ ဆိုက်ဘာစောင့်ကြည့်ရေးအေဂျင်စီက ယမန်နေ့က ပြောဆိုခဲ့ပါတယ်။

ရုရှားဟက်ကာများဟာ ယူကရိန်းသတင်းအချက်အလက်အရင်းအမြစ်များကို မရပ်မနား တိုက်ခိုက်နေကြတယ် လို့ ယူကရိန်းနိုင်ငံ အထူးဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ကာကွယ်ရေးဌာနကလည်း ပြောဆိုထားပါတယ်။

ယူကရိန်းသမ္မတ၊ ပါလီမန်၊ အစိုးရအဖွဲ့၊ ကာကွယ်ရေး ဝန်ကြီးဌာန နဲ့ ပြည်တွင်းရေးရာ ဝန်ကြီးဌာနတို့ ပိုင်ဆိုင်တဲ့ ဝက်ဘ်ဆိုက်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ အေဂျင်စီကပြောဆိုခဲ့ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနကို မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ပေမယ့် တစ်စုံတရာ ပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

ယူကရိန်းနိုင်ငံဘက်ကလည်း ရှားတပ်တွေကို တိုက်ခိုက်ရန် မြေအောက် ဟတ်ကာ အဖွဲ့ကို တောင်းဆိုခဲ့လို့ ရုရှားနိုင်ငံပိုင် ဝက်ဘ်ဆိုက်တွေဟာလည်း DDoS တိုက်ခိုက်မှု ခံခဲ့ရပါတယ်။

ရုရှား သတင်းအချက်အလက် အရင်းအမြစ်များ နဲ့ ပတ်သက်ပြီး ကြီးကြီးမားမား တိုက်ခိုက်မှုခံခဲ့ရတယ်လို့ ရုရှားနိုင်ငံအမျိုးသား ညှိနှိုင်းရေး စင်တာက ပြောဆိုထားပါတယ်။

Source – Reuters


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။