Trending Now

မြန်မာနိုင်ငံ ပဋိပက္ခအားလုံးကို အဆုံးသတ်ဖို့ အာဆီယံက စည်းလုံးညီညွှတ်ရမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

Spread the love

မြန်မာနိုင်ငံ ပဋိပက္ခအားလုံးကို အဆုံးသတ်ဖို့ အာဆီယံက စည်းလုံးညီညွှတ်ရမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ပဋိပက္ခအားလုံးကို အဆုံးသတ်ဖို့အတွက် အာဆီယံက စည်းလုံးညီညွတ်ဖို့လိုအပ်တယ်လို့ စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

တွေ့ဆုံပွဲအတွင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဖြစ်ပွားနေတဲ့ အကျပ်အတည်း အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းနေထိုင်မှုတွေ အရှိန်အဟုန်နဲ့ မြင့်တက်လာခြင်း၊ နယ်စပ်မတည်ငြိမ်မှုတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်ပေါ်လာခြင်းအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ပြဿနာတွေရဲ့ အရင်းမြစ်တွေကို ပြတ်ပြတ်သားသား နားလည်သဘောပေါက်ဖို့ လိုအပ်ပြီး သင့်လျော်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေရာမှာ အိန္ဒိယက အာဆီယံနဲ့အတူ ပူးပေါင်းပါဝင်ဖို့ အဆင်သင့်ရှိတယ်လို့ မစ္စတာ ဂျေရှန်ကာ ပြောကြားခဲ့ပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က လက်ရှိမြန်မာ့နိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးရေးကို အခြေခံ၍ ဖြေရှင်းသင့်ပြီး သက်ဆိုင်သူအားလုံး ပါဝင်သင့်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ကျိုးကြောင်းဆီလျော်ပြီး ထိရောက်တဲ့ ဖြေရှင်းနည်းကို ပံ့ပိုးပေးခြင်းဟာ အာဆီယံရဲ့ စွမ်းရည်၊ ခွန်အားနဲ့ စည်းလုံးညီညွတ်မှုကို သက်သေပြဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ မစ္စတာ ဟွန်မာနက်က ဆိုပါတယ်။

“အာဆီယံအနေနဲ့ ပဋိပက္ခတွေအားလုံးကို အဆုံးသတ်ဖို့ တစ်ခုတည်းအဖြစ် စည်းလုံးညီညွတ်ပြီး ထိခိုက်လွယ်သူတွေကို အကူအညီတွေ စတင်ပေးရပါမယ်။” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောပါတယ်။

မြန်မာနိုင်ငံအတွက် ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေဖို့နဲ့ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို အထူးသံတမန် စေလွတ်ခဲ့တယ်လို့ မစ္စတာ ဟွန်မာနက်က ပြောပါတယ်။

Ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။