Trending Now

ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်၌ အမျိုးသမီးအရုပ် ၂ ရုပ်အားအသက်သွင်း သိဒ္ဓိတင်ရာတွင် ပါဝင်သူများအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီး

Spread the love

ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်၌ အမျိုးသမီးအရုပ် ၂ ရုပ်အားအသက်သွင်း သိဒ္ဓိတင်ရာတွင် ပါဝင်သူများအား သာသနာတော်ညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီး

EPN
မြစ်ကြီးနား ၊ အောက်တိုဘာ ၂၄

ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်ကားပါကင်၌ အမျိုးသမီးအရုပ်(၂) ခုအား သိဒ္ဓိတင်နေသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်လွှင့်မှုများထွက်ပေါ်ခဲ့၍ ပြန်လည်စိစစ်ခဲ့ပြီးနောက် ဦးဆောင်ပါဝင်သူများအား ဖမ်းဆီးတရားစွဲဆိုထားကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

စီစစ်ရရှိချက်အရ လူမှုကွန်ရက်ပေါ်မှ ဗီဒီယိုဖိုင်များအား “လောကဝိဇ္ဇာဓိုရ် မိန်းမလှ ဒေဝီအထက် ဂိုဏ်းချုပ်ကြီး”လူမှုကွန်ယက်စာမျက်နှာတွင် စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကာ အမျိုးသမီးအရုပ် (၂)ရုပ်အား သိဒ္ဓိတင်မှုပြုလုပ်သည့် ဦးရှိုင်းဇာနည်အောင်၏ page account ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖြစ်စဉ်အား ဆက်လက်စီစစ်ခဲ့ရာ အောက်တိုဘာ ၂၂ ရက်နံနက် ၇ နာရီခန့်တွင် ဦးရှိုင်းဇာနည်အောင် အပါအဝင် ၈ ဦးခန့်သည် Alphard(အမည်းရောင်)ကားဖြင့် ရွှေတိဂုံစေတီတော်တောင်ဘက်ကားဝင်းသို့ အမျိုးသမီးအရုပ်ကြီး(၂)ခုဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လုံခြုံရေးတာဝန်ရှိသူများမှ အရုပ်ကြီး(၂)ခုအား စေတီတော်ရင်ပြင်တော်ပေါ်သို့ တင်ခွင့်မပြု၍ တောင်ဘက်ကားကွင်းတွင်ထားရှိခဲ့ပြီး ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့သည် ရင်ပြင်တော်ပေါ်သို့ တောင်ဘက်ဓာတ်လှေကားဖြင့်တက်ရောက်ကာ သူရဿတီမယ်တော်ရုပ်တုအား သယ်ဆောင်ပြီး ရွှေတိဂုံစေတီတော်အား လက်ယာရစ်ပတ်ခဲ့ကြသည်။

ထို့နောက် စေတီတော် စနေထောင့်ရှိ သူရဿတီရုပ်ရှေ့တွင် ်ကန်တော့ပွဲများချ၍ သိဒ္ဓိတင်မှုပြုလုပ်ပြီး တောင်ဘက်စောင်းတန်းမှ ပြန်ဆင်းကာ တောင်ဘက်ကားကွင်းရှိ ကျောက်စာတိုင်အနီး၌ အရုပ်(၂)ခုအား သိဒ္ဓိတင်နေမှုအား ရွှေတိဂုံစေတီတော်လုံခြုံရေးအဖွဲ့မှ ခေါ်ယူမေးမြန်း၍ ဖယ်ရှားရှင်းလင်းမှုပြု လုပ်ခဲ့သည်။

ထို့ကြောင့် အမျိုးသမီးအရုပ်(၂)ခုအား သိဒ္ဓိတင်ခဲ့သည့် ဦးရှိုင်းဇာနည်အောင်နှင့်အဖွဲ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော် ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုသွားမည်ဟု သာသ နာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပ ကအဖွဲ့ထံ ဖြစ်စဉ်အားတင်ပြခြင်းမရှိဘဲ မိမိသ ဘောဖြင့်ခွင့်ပြုပေးခဲ့သည့် တာဝန်ရှိသည့်ဝန် ထမ်းအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီ ခုံရုံးဖွဲ့၍ စုံစမ်းစစ်ဆေးကာ ပြင်းထန်စွာအရေးယူသွားမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။