Trending Now

လက်ဆေးခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်

Spread the love

လက်ဆေးခြင်း အသိပညာပေးခြင်းများ ဆောင်ရွက်

EPN
နန်းမားမြို့၊ မေ ၈

၂၀၂၀ ပြည့်နှစ် မေလ (၈)ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုသောအားဖြင့် မေလ ၇ ရက်နေ့နံနက်က နန်းမားမြို့ကြက်ခြေနီလူငယ်မောင်မယ်များမှ နန်းခမ်းစျေးတွင် Mask များ ဝေခြင်းနှင့် လက်ဆေးခြင်း အသိပညာပေးသရုပ်ပြများ လုပ်ဆောင်ခဲ့ကြောင်း မြို့နယ်ကြက်‌ခြေနီတပ်ဖွဲ့မှ သိရသည်။

အဆိုပါနန်းခမ်းစျေးတွင် Mask ဝေခြင်းနှင့် Mask စနစ်တကျတပ်ဆင်ခြင်း၊ လက်ဆေးခြင်းများကို ဒုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်နိုင်ထွန်း ဦးဆောင်ကာ နန်းမားကြက်ခြေနီမောင်မယ် ကျား( ၃ )ဦးနှင့် မ( ၃ )ဦးတို့က ပူးပေါင်းပြုလုပ်ခဲ့ ကြသည်။

“မနေ့မနက်က နန်းမား၊ နန်းခမ်းစျေးမှာ အလှူရှင်တွေလှူဒါန်းထားတဲ့ Mask တွေကို ဒေသကြက်ခြေနီအဖွဲ့နဲ့ လိုက်လံဝေငှရင်း Mask စနစ်တကျတပ်ဆင်နည်း၊ Covid -19 ရောဂါမကူးစက်‌စေဖို့အတွက် လက်ကိုစနစ်တကျ ဆေးကြောနည်းနဲ့ Covid -19 ကူးစက်ရောဂါအကြောင်းသိကောင်းစရာအတွက် တေးသီချင်းတွေနဲ့အတူအသိပညာပေးလုပ်ခဲ့ပါတယ်”ဟု ဒုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်နိုင်ထွန်းက ဆိုသည်။

အဆိုပါ ဝေငှခြင်းတွင် Mask အခု‌ရေစုစုပေါင်း (၃၀၀)ကျော်ရှိပြီး အဆိုပါ Mask များကို မိုးညှင်းခရိုင် ကြက်ခြေနီဦးစီးမှူး တတိယတန်း ဒေါ်ခိုင်ဇာ၀င်း (ကထိက ဓာတုဗေဒဌာန၊ ရတနာပုံတက္ကသိုလ်)နှင့် အခြားအလှူရှင်များမှ ပေးပို့လှူဒါန်းထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။