Trending Now

ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”ကို ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်း စနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေး

Spread the love

ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက”ကို ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်း စနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေး

EPN
နေပြည်တော်၊ အောက်တိုဘာ ၂၅ (၂၀၂၃)

နေပြည်တော်ရှိ ရတနာ ဆင်ဖြူတော် ဆောင်မှ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ငယ်စဉ်ကတည်းကပင် လူနှင့် ယဉ်ပါးသည့် ဆင်ဖြူတော် လေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် ဆင်နှင့် လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန် လေ့ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမည်တော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါဆင်ဖြူတော် လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင် လက္ခဏာ ၈ ချက်အနက် မျက်လုံးပုလဲရောင် ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်း သဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီး တံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက် ဖြစ်ခြင်း၊ အသားအရေပန်းရောင် ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာ ဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်လေး ဖြစ်သည်ဟု သိရသည်။

ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” သည် အသက် ၁ နှစ်၊ ၃ လသားအရွယ်ရှိကာ အရပ်အမြင့် ၄ ပေ၊ ကိုယ်လုံး လုံးပတ် ၆ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၈၈၀ ရှိလာပြီး ရတနာ ဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာ ဆင်ဖြူတော် ဆောင်တွင် မိခင်ဆင်မကြီးနှင့် အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။