Trending Now

မြန်မာ့ပြည်တွင်း ပြဿနာ ဘာလဲ ဘယ်လဲ ?

Spread the love

မြန်မာ့ပြည်တွင်း ပြဿနာ ဘာလဲ ဘယ်လဲ ?

EPN
ဆောင်းပါး၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၄
မိုးမြင့်မောင် ရေးသည်

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို နောက်ပြန်လန်ကျစေခဲ့သည်။ ပြည်တွင်းပဋိပက္ခများကြောင့် လက်ရှိအစိုးရဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အုပ်ချုပ်မှုကာလ တစ်နှစ်ပြည့်သည်။ ထို့အပြင်အရေးပေါ်အခြေအနေ ကြေညာခြင်းကို Mother law အရ ပထမအကြိမ်အဖြစ် နောက်ထပ်ခြောက်လ သက်တမ်းတိုးခဲ့သည်။ ပြည်တွင်း ပဋိပက္ခများကြောင့် နိုင်ငံတကာမျက်နှာစာမှာ အဖတ်ဆယ်လို့မရအောင် နိုင်ငံရဲ့ ဂုဏ်သိက္ခာက ချွတ်ခြုံကျခဲ့ရပြီ ဖြစ်သလို ပြည်သူလူထုရဲ့ နိစ္စဓူဝ ရှင်သန်ရပ်တည်ရမှုတွေကလည်း အခက်အခဲများစွာနဲ့ ရင်ဆိုင်နေကြရသည်။

တချို့ဒေသမှာ တိုက်ပွဲငယ်များနဲ့အတူ စစ်ပြေးဒုက္ခသည် တိုးပွားလာတာနဲ့ အရပ်သားသေဆုံးမှု စံချိန်တင်များလာတာစတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ကြီးစွာရင်ဆိုင်နေရပြီး နှစ်ပေါင်း(၃၀) အတွင်း အသေအပျောက်အများဆုံးဖြစ်ကြောင်း သတင်းများအရ ကြားသိရပေသည်။

“ပြည်တွင်းပဋိပက္ခကြောင့် အရပ်သားပြည်သူတချို့အကာအကွယ်မဲ့နေကြပါတယ်။ အခုဖြစ်နေတဲ့ ပြည်တွင်းရေးပြဿနာကို အချိန်စောင့်ဆိုင်းပြီး ဖြေရှင်းတာမျိုး လုပ်လို့မရတော့ပါဘူး။ အရပ်သားပြည်သူတွေအပေါ် အကာအကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှု အထောက်အကူပေးရေးကိစ္စတွေက ပြည်တွင်းသတင်းတွေအရ စောင့်ဆိုင်းနေလို့ မရတော့ပါဘူး။ သာမန်အရပ်သားများ၏အရေးပေါ် ခံစားချက် လျှော့ချရေး (Emergency Relief) ခြိမ်းခြောက်မှု လျှော့ချရေး (Threat Reduction) နဲ့ ထိခိုက်နစ်နာလွယ်မှု အားနည်းချက် အခြေအနေများ လျှော့ချရေး (Vulnerability Reduction) ကိစ္စရပ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှသာလျှင် အရပ်သားကာကွယ်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေး ရေးအတွက် လုပ်ဆောင်နိုင်မှာဖြစ်တယ်´´ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံကိုလာခဲ့တဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆုက်ခွန်းတို့ရဲ့ ခရီးစဉ်အပြီး သတင်းထုတ်ပြန်မှုမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု ထောက်ပံ့အကူအညီပေးရေးကို အာဆီယံလူသားချင်းစာနာမှု အထောက်အကူပေးရေးပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA Center)၊ ကြက်ခြေနီအဖွဲ့နဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အပြင် တခြားအဖွဲ့အစည်းတွေကတဆင့် ပေးသွားမယ်လို့ ကြားသိရသော်လည်း လုပ်ထုံးလုပ်နည်းပိုင်းနဲ့ တရားဝင်မှုဆိုင်ရာတွေကြောင့် နှောင့်နှေးမယ့် အနေအထား ရှိနေသည်။

“အရပ်သားပြည်သူတချို့ခံစားနေရချိန်မှာ လူမှု အသိုင်းအဝိုင်းနဲ့ အခြားဆက်စပ်တဲ့ အထောက်အကူပြုအဖွဲ့တွေက အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်မှု မလုပ်ခဲ့ရင် ပိုကြီးမား ကျယ်ပြန့်လာမယ့် လူသားချင်းစာနာမှု အကျပ်အတည်းကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအကျပ်အတည်းဟာ ကိုဗစ် ကပ်ဘေးကြောင့်လည်း တပူပေါ် အပူအဆင့်ထပ်တိုးပြီး လူထုအတွက်ပါ ဆိုးကျိုးသက်ရောက်စေမှာ ဖြစ် တယ်။ မြန်မာ့ပြည်တွင်းရေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေအတွက် မဟာဗျူဟာတန်ဖိုး သိပ်ပြီးမကြီးမားလို့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် EAOsတွေအနေနဲ့ သတိပြုသင့်ပါတယ်´´ဟု မြန်မာ့အရေး ကျွမ်းကျင်သူများက ဆိုသည်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အရေးကြီးတဲ့ စီးပွားရေး ကဏ္ဏတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုင်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အာမခံ မပေးနိုင်ပေ။ ထို့ကြောင့်
သယံဇာတခေါင်းပုံဖြတ်မှုကို အခြေခံသော၊ သဘာဝပတ်ဝန်းကျင်ကို အလေးမထားသော၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိသော၊ ဒေသခံပြည်သူလူထုရဲ့ ဘဝတိုးတက်မှုတွေကို ထောက်ပံ့မှု မပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုတွေကြောင့်လည်း တိုင်းပြည်ဟာ ပိုမိုချွတ်ခြုံကျပြီး ပြည်သူတွေရဲ့ ဘဝကို ဆင်းရဲတွင်းပိုနက်စေသည်။ ထိုအဖြစ်အပျက်မျိုးကို ခေတ်အဆက်ဆက်က ကြုံခဲ့ကြရပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေသလဲ၊ ဘယ်လို ရင်းနှီးမြှုပ်နှံမှု အမျိုးအစားတွေ အဓိကဝင်ရောက်နေသလဲဆိုတာက လက်ရှိပြည်တွင်းရေး ပြဿနာတွေကိုနားလည်ဖို့ အထောက်အပံ့ဖြစ်စေသည်။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံရဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုတွေရဲ့ နေ့စဉ်ဘဝတွေကိုပါတိုက်ရိုက် သက်ရောက်မှုရှိသောကြောင့် အစိုးရအဆက်ဆက် အနေနဲ့ ဘယ်လို ရင်းနှီးမြှုပ်နှံမှုတွေကို အတည်ပြုနေသလဲဆိုတဲ့အပေါ် မျက်ခြေမပြတ်ရှိနေဖို့ အရေးကြီးပေသည်။

အထူးသဖြင့် အခုလို သတင်းအချက်အလက် ဂေဟစနစ် ပျက်စီးနေချိန်တွင် ပြည်တွင်းကထွက်ခွာသွားသည့် လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပွင့်လင်းမြင်သာမှုရှိသလား၊ သက်ရောက်မှု ဘယ်လိုဖြစ်နိုင်သလဲစသည့် ကိစ္စရပ်တွေအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက် ကိန်းဂဏန်းများကို အလေးထား စောင့်ကြည့်ရမည်ပင် ဖြစ်သည်။

“EAOs တချို့ကသူတို့ရည်မှန်းချက်အတိုင်း လူထု ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းတည်ငြိမ်ရေးအတွက် အထူးဂရုစိုက် လုပ်ဆောင်နေချိန်မှာ ပလေယာသစ်တွေဘက်ကလည်း သာမန်အရပ်သားအားလုံးရဲ့ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ ကျန်းမားရေး၊ ပညာရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး အထူးအမြန်လုပ်ဆောင်နိူင်မယ် ဆိုရင် မြင်သာတဲ့ အချိုးအကွေ့တွေ ဖြစ်လာနိုင်ပါတယ်။ ဒီလို စဉ်းစားချက်မျိုးအားနည်းပြီး “ဟိုကွေ့ရောက်ဟိုတက်နဲ့ လှော်၊ ဒီကွေ့ရောက်ရင်ဒီတက်နဲ့လှော်” ဆိုတဲ့ စဉ်းစားချက်၊ လုပ်ဆောင် ချက်မျိုး လွှမ်းမိုးနေရင် ရေရှည်မှာ အခက်ကြုံရနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆန္ဒပြမှုတွေ ခေတ်ပြောင်းတော်လှန်ရေးတွေ ရှိတတ်ကြပါတယ်။ သာမန်ဆန္ဒပြမှုတွေဟာ အကြမ်းမဖက်ကြဘူး။ ခေတ်ပြောင်းတော်လှန်ရေးတွေမှာ အကြမ်းဖက်မှုရှိတတ်ကြပေ့မယ့် ဘယ်သူမှ သူ့နိုင်ငံရဲ့အခြေခံအုတ်မြစ်တွေကို မဖျက်ဆီးကြပါဘူး။ ဟိုစကားပုံလို့ပေါ့ ရောမရောက်ရင် ရောမလိုကျင့်ရမယ်။ မြန်မာရောက်ရင် မြန်မာလိုကျင့်ရမယ်´´ဟု နိုင်ငံရေး သုံးသပ်သူများက ဆိုသည်။

ကမ္ဘာ့ကပ်ရောဂါဘေးကြောင့် နိုင်ငံအသီးသီးမှာ စီးပွားရေးယိမ်းယိုင်ခဲ့ကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ပြည်တွင်ရေးပြသနာများကြောင့် စီးပွားရေး အဆင်မပြေမှုများ ပို၍ခါးဆီးခံရနေသည်။ ကပ်ဘေးကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်(၁၄) ခုအနက် (၄) ခုသာ ပုံမှန်ကုန်သွယ်နိူင်သေးသည်။ ကျန်ဂိတ်များမှာ ရောဂါဘေးအပြင် ပြည်တွင်းပြသနာများကြောင့် လုံခြုံရေးအနေအနေများအရ တချို့မှာ စမ်းသပ်ကာလဖြင့်ပြန်ဖွင့်ပြီး တချို့မှာကုန်သွယ်နိူင်ခြင်း မရှိသေးချေ။

“မြန်မာနိုင်ငံအပေါ် အနောက်အုပ်စုက ရင်းနှိးမြှုပ်နှံမှု မရှိသလောက်နည်းပါးတယ်။ နောက်တဖက်သက်စီးပွားရေးပိတ်ဆို့မှုကြောင့် အရှေ့အုပ်စုသာလျှင် ကုန်သွယ်ဖက်ဖြစ်ရတာ မဆန်းပါဘူး။ နောက်ပြီး ကပ်ရောဂါဘေးနှင့်အတူ ပြည်တွင်းရေးပြသနာကြောင့် ဗီလိန်အဖြစ် သမုတ်ခံမယ့် အခြေအနေမျိုးကို ဂရုထား ရှောင်ကြဉ်လိုတာကြောင့် အနောက်နိုင်ငံတွေက မြန်မာ့အရေးပေါ် မူတည်ပြီး မြန်မာနဲ့ ဒေသတွင်း နိုင်ငံရေး ဩဇာကို လျှော့ချဖို့ ကြိုးပမ်းမှုမျိုး၊ သမားရိုးကျ မဟာဗျူဟာ လုံခြုံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေကိုလည်း ဆုံးရှုံးစရာမလိုဘဲ အချိန်တန်တာနဲ့ လက်ဦးမှုယူနိုင်အောင် လုံခြုံရေးအား၊ ဓန ဩဇာအားကြီးသူ အဆုံးအဖြတ်ပေးနိုင်သူ အခန်းကဏ္ဍမျိုးကို တရစ်ချင်း တည်ဆောက်တာ နောက်တစ်ခုက ကိုဗစ် ရောဂါဘေးလို မြန်မာပြည်တွင်းကနေ အပြင်ကို ဖိတ်လျှံကျလာမယ့် သမားရိုးကျမဟုတ်တဲ့ လုံခြုံရေးပြသနာတွေကြောင့် နိုင်ငံအပေါ် ဆက်နွှယ် ထိခိုက်မယ့်အရေးကို အထူးအရေးပေး ကိုင်တွယ်လာတာ စတဲ့ အချက်တွေကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံအကျိုးစီးပွားရေချိန်ကို ချိန်ထိုးတဲ့အခါ ဒီအချက်တွေကို ဆက်စပ်ပေါင်းစည်း စဉ်းစားတဲ့ နိုင်ငံရေး ဘောဂဗေဒအမြင်က ပိုမိုလိုအပ်လာပါတယ်´´ဟု စီးပွားရေးလေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံအဖြစ် ၁၉၄၈ ခုနှစ်မှစတင်ကာ ကမ္ဘာ့အလယ်၌ ဂုဏ်ယူထည်ဝါစွာ ရဲရဲရင့်ရင့် ရပ်တည်နေနိူင်ခဲ့ပြီး စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောလဲ အခြေခံပြည်သူလူထုသည် နည်းစနစ်အရ လိုအပ်ချက်များစွာရှိနေဆဲပင်ဖြစ်သည့်။ ယနေ့အချိန်တွင် ကိုဗစ်ကပ်ဘေးနှင့်အတူပြည်တွင်းပြသနာများကြောင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိူင်ရန် များစွာကြိုးစားရအုံးမည်ဖြစ်သည်။ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းသာယာရေးသည် မရှိမဖြစ်အထူးလိုအပ်သည်။ သို့မှသာ နိုင်ငံသာအားလုံး၏အကျိုးစီးပွားကို ဆထက်ထမ်းပိုး သယ်ပိုးနိူင်မည်ဖြစ်သည်။

အုပ်ချုပ်သူကောင်းလျှင် လူတစ်စုကောင်းစားရေးအတွက် မဟုတ်ပဲ (၁၃၅)မျိုးသောတိုင်းရင်းသားအားလုံးကောင်းစားမည်ဖြစ်ပြီး၊ ညံ့လျှင်အားလုံးဒုက္ခရောက်မည်ဖြစ်၍ နိုင်ငံပျက်မည်မှာ မလွှဲဧကန်ပင်ဖြစ်သည်။ လာမည့် ဖေဖေါ်ဝါရီလ ၂၁ ရက်တွင် ICJ ပြသာနာဖြေရှင်းရန်ရှိသည်။ ယင်းပြသနာ၏ဖြစ်စဥ်အကျဥ်းမှာ ကမ္ဘာပေါ်၌ အချုပ်အခြာအာဏာပိုင်ဆိုင်သည့် မည်သည့်နိုင်ငံမှ ရဲစခန်းအပါအဝင် ရဲကင်း(၃၀)အား တစ်ရက်တည်း၊ တပြိုင်တည်း၊ တချိန်တည်း အတိုက်ခိုက်မခံရဖူးချေ။ မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည်မှာ တိုင်းရင်းသားအားလုံး အသိပင်ဖြစ်သည်။ တရားခံအားလုံးဖမ်းဆီးရမိခြင်းမရှိသော်လည်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာတွင် လူမျိုးတုန်းသတ်ဖြတ်မှုခေါင်းစဥ်ဖြင့် မြန်မာနှင့်အဆက်အသွယ်မရှိသော၊ နာမည်ပင်မကြားဘူးသောနိုင်ငံငယ်လေးတစ်ခုမှ အနောက်အုပ်စု၏ သွေးထိုးမှုဖြင့် လာဘ်လာဘ ရယူကာ မြန်မာနိုင်ငံနှင့်နိုင်ငံသား အားလုံးအား ICJ တွင်တိုင်ကြားခံရခြင်းသည် (သာဓက) ဖြစ်ကြောင်း မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး အသိပင်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ပြည်တွင်းရေးငြိမ်းချမ်းစေရန်နှင့် (၁၅၃) မျိုးသောတိုင်းရင်းသားပြည်သူအားလုံး ICJ ပြသနာမှလွှတ်မြောက်စေရန်နှင့် ကြီးပွားတိုးတက်စေရန်မှာ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိပေသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပဋိပက္ခတွေကြောင့် ဘယ်လို အပြောင်းအလဲ ရလဒ်ဖြစ်လာနိုင်မလဲ။ ဒုတိယအချက်က ပလေယာအသစ်တွေ ပေါ်လာခြင်းက ဘယ်လိုအကျိုးသက်ရောက်စေမလဲနဲ့ တတိယတခုက မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တန်ဖိုးထားမှုနှုန်းစံတွေက ဒီအဖြစ်အပျက်တွေနောက်ပိုင်း ဘယ်လို အပြောင်းအလဲ ဖြစ်စေသလဲဆိုတာ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စိတ်ဝင်စားနေကြသည်။

ဆောင်းပါးရှင်- မိုးမြင့်မောင်
ကိုးကား – ပြည်တွင်း/ပြည်ပသတင်းများ
(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်သည်)
Photo New York Times


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။