Trending Now

ဖားကန့်မြို့နယ်၊ မော်ဝမ်းကျေးရွာအုပ်စု ပန်းတင်တံတား လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် နယ်မြေခံရဲတပ်ဖွဲ့အား KIA တပ်ရင်း (၆) မှ လာရောက် တိုက်ခိုက်

Spread the love

ဖားကန့်မြို့နယ်၊ မော်ဝမ်းကျေးရွာအုပ်စု ပန်းတင်တံတား လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် နယ်မြေခံရဲတပ်ဖွဲ့အား KIA တပ်ရင်း (၆) မှ လာရောက် တိုက်ခိုက်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းကျေးရွာအုပ်စု၊ ပန်းတင်တံတားတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ကို KIA တပ်ရင်း (၆) မှ ယနေ့ နံနက် ၁ နာရီဝန်းကျင်က လာရောက္ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မော်ဝမ်းကျေးရွာအုပ်စုရှိ ပန်းတင်တံတားအား နယ်မြေခံရဲတပ်ဖွဲ့ အင်အားနှစ်ဆယ်ခန့်လောက်ဖြင့် တာဝန်ယူ ဆောင်ရွက်နေမှုကို KIA တပ်ရင်း (၆) လက်နက်ကိုင်အဖွဲ့မှ အင်အား အလုံးအရင်းဖြင့် လာရောက်တိုက်ခိုက် သော်လည်း အထိနာစွာဖြင့် နံနက် ၂နာရီ အချိန်ခန့်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

” ည ၁ နာရီလောက် အချိန်ကနေ စပြီး KIA က လက်နက်ကြီးတွေနဲ့ စပစ်တာ။ ပန်းတင်တံတားစောင့် လုံခြုံရေး ရဲတပ်ဖွဲ့တွေကို။ အဲ့ဒီတံတားမှာ ရဲတပ်ဖွဲ့ကလည်း သိပ်မရှိဘူး။ အဲ့တာကို KIA က အင်အားသုံးပြီး လာတိုက်တယ်။ နာရီဝက် ကျော်ကျော်လောက် တိုက်ပွဲ ဖြစ်ခဲ့တယ်။ KIA ဘက်က အထိနာပြီး ပြန်ဆုတ်သွားတယ်။ လက်နက်တချို့လည်း သိမ်းဆည်းရမိတယ် ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲကြောင့် ပန်းတင်တံတားရှိ ရဲကင်းတပ်စခန်းငယ်တချို့ အနည်းငယ် ပျက်စီးမှုများရှိခဲ့ပြီး၊ KIA ဘက္မှ ထိခိုက်ဒဏ်ရာများနှင့် နံနက် ၂နာရီ ဝန်းကျင်ခန့်တွင် ပြန်လည်ဆုတ်ခွားခဲ့ကာ လက်နက်ခဲယမ်းတချို့အား တပ်မတော်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက္ပွဲကြောင့် ပန်းတင်တံတားအား သွားလာခွင့် ပိတ်ပင်ထားခြင်း မရှိကြောင်းသိရပြီး၊ လုံခြုံရေးအရ စစ်ဆေးမှု တင်းကြပ်ထားကြောင်း သိရသည်။

ဖားကန့်မြို့နယ်၌ KIA လက်အောက်ခံ PDF အဖွဲ့တို့သည် လုပ်ငန်းရှင်များအား ပြန်ပေးဆွဲခြင်း၊ ဓါးပြတိုက် သတ်ဖြတ် ခြင်းတို့အား မကြာခဏ ပြုလုပ်လျက်ရှိသောကြောင့် အဆိုပါ ဖားကန့်မြို့နယ်အား တပ်မတော်နှင့် နယ်မြေခံ ရဲတပ်ရင်းများပူးပေါင်း၍ နယ်မြေရှင်းလင်းခြင်း လုပ်ငန်းများကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။