Trending Now

ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေမယ်ဆိုရင် တတိယကမ္ဘာစစ်ကို ဦးတည်သွားမယ်လို့ ရုရှားပြော

Spread the love

ယူကရိန်းကို လက်နက်တွေ ဆက်လက်ထောက်ပံ့နေမယ်ဆိုရင် တတိယကမ္ဘာစစ်ကို ဦးတည်သွားမယ်လို့ ရုရှားပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၃၀

ယူကရိန်းကို အနောက်တိုင်းလက်နက်တွေ ဆက်လက်ထောက်ပံ့မှုနဲ့ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ဖို့ ငြင်းဆန်နေတဲ့ ယူကရိန်းအစိုးရကြောင့် တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်တယ်လို့ ဒုတိယစစ်သံမှူး ကာနယ် ဆာဂေး-ရှုမီလန်က ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံသံရုံးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရုရှားနိုင်ငံခြားရေးမူဝါဒနဲ့ ယူကရိန်းနိုင်ငံတဝှမ်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဆာဂေး-ရှုမီလန် က ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဟုတ်ကဲ့၊ အနောက်နိုင်ငံတွေက ဒီစစ်ပွဲကို မရပ်တန့်ချင်တာကြောင့် တတိယကမ္ဘာစစ်ဖြစ်နိုင်ချေရှိပါတယ်။ ရုရှားကို ဆန့်ကျင်တဲ့ ကြားခံစစ်ပွဲလို သူတို့က ရှုမြင်ထားပြီး စေ့စပ်ညှိနှိုင်းမှုတွေကို မလိုလားပဲ နောက်ထပ် စစ်ရေးအကူအညီတွေ ဆက်လက်ပေးပို့တာဖြစ်ပါတယ်၊ ဒီလုပ်ဆောင်ချက်တွေက တတိယကမ္ဘာစစ်ဖြစ်ပွားဖို့ အလွန်ပဲ နီးစပ်ပါတယ်” လို့ သူက ပြောပါတယ်။

“အထူး စစ်ရေးစစ်ဆင်ရေး စတင်ချိန်ကတည်းက မတူကွဲပြားတဲ့ ခဲယမ်းမီးကျောက်တွေ၊ ဒုံးကျည်တွေ၊ အမြောက်တွေနဲ့ အမြန်ဂျက်လေယာဉ်တွေကို ယူကရိန်းဆီ ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ နောက်ဆက်တွဲဘာတွေ ပေးလာမယ်ဆိုတာ ကျွန်တော်တို့ သေချာမသိပါဘူး။ နောက်ပေးပို့လာမယ့် လက်နက်တွေဟာ နျူကလီးယား လက်နက်တွေလဲ ဖြစ်လာနိုင်ပါတယ်။” လို့ သူက အလေးပေးပြောကြားခဲ့ပါတယ်။

သူကဆက်လက်ပြီး ” အနောက်ကမ္ဘာကတော့ တတိယကမ္ဘာစစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။ ရုရှားနိုင်ငံဘက်ကတော့ ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ စပ်လျဉ်ပြီး ဆွေးနွေးညှိနှိုင်းဖို့ အဆင်သင့်ပါပဲ” လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာသန်း ၅၀၀ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေပေးအပ်သွားမယ့် အစီအစဉ်သစ်ကို မကြာသေးမီက ကြေညာခဲ့ပြီး အဲဒီအထဲမှာ အစုလိုက်အပြုံလိုက် ပေါက်ကွဲစေနိုင်တဲ့ cluster bomb တွေလဲပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်က ထပ်ဖူးတစ်ခုတည်းမဟုတ်ပဲ အစုလိုက်အပြုံလိုက် ဗုံးတွေတပ်ဆင် ပစ်လွတ်နိုင်တဲ့ ATACMS နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်စနစ်ကို ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။

အဆိုပါဒုံးကျည်စနစ်ဟာ အမေရိကန် ကာကွယ်ရေး ကုမ္ပဏီ Lockheed Martin ကထုတ်လုပ်တဲ့ နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တစ်မျိုးဖြစ်ပြီး မိုင်းပေါင်း ၁၉၀ အထိ ပျံသန်းနိုင်တယ်လို့ သိရပါတယ်။

ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။