Trending Now

ဘရာဇီးနိုင်ငံက ကမ္ဘာပေါ်တွင် ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ သေဆုံးမှု အမြင့်ဆုံးတိုင်းပြည် ဖြစ်လာ

Spread the love

ဘရာဇီးနိုင်ငံက ကမ္ဘာပေါ်တွင် ငါးရက်ဆက်တိုက် ကိုဗစ်-၁၉ သေဆုံးမှု အမြင့်ဆုံးတိုင်းပြည် ဖြစ်လာ 

EPN
နိုင်ငံတကာ၊ မေ ၂၇

ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀၃၉ ဦး သေဆုံးခဲ့ရာ ကမ္ဘာပေါ်တွင် နေ့စဉ် သေဆုံးမှုနှုန်း ငါးရက်ဆက်တိုက် အမြင့်ဆုံးဖြစ်လာခဲ့သည်ဟု ဘရာဇီးနိုင်ငံက ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဗဟိုချက်မ ဖြစ်လာခဲ့သည့် ဘရာဇီးနိုင်ငံ၏ နေ့စဉ်သေဆုံးမှုနှုန်းက အဆိုပါ ဗိုင်းရပ်စ်ဒဏ် အဆိုးရွားဆုံးခံရသည့် အမေရိကန်နို်ငငံကို ကျော်ဖြတ်သွားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၆၅၇ ဦး သေဆုံးခဲ့ရာ သေဆုံးသူစုစု ပေါင်းမှာ ၉၈၈၇၅ ဉီးအထိ ရောက်ရှိလာခဲ့ပြီဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့်တစ်ပတ်ကျော်က ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာပြီးနောက်ပိုင်း ဘရာဇီး နိုင်ငံတွင် သေဆုံးသူ ၁၀၀၀ ကျော်ခဲ့သည်မှာ လေးကြိမ်ရှိပြီဖြစ်သည်။ လက်ရှိအချိန်ထိ ဘရာဇီးနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၄၅၁၂ ဦး ရှိလာခဲ့ပြီဖြစ်သည်။

လူဉီးရေ သန်း ၂၁၀ ကျော်သည့် ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၃၉၁၂၂၂ မှု ဖြစ်ပွားခဲ့ပြီး ကူးစက်မှု ၁ ဒသမ ၆၈ သန်းကျော်ဖြစ်ပွားသည့် အမေရိကန်နိုင်ငံပြီးလျင် ကူးစက်မှု ဒုတိယအများဆုံးတိုင်းပြည် ဖြစ်လာခဲ့သည်။

လက်ယာယိမ်း သမ္မတ ဂျာဘိုလ်ဆိုနာရိုက ကိုရိုနာဗိုင်းရပ်စ်ကို အထင်သေးခဲ့ပြီး အိမ်တွင်းနေ အစီအမံ များကို ရှုတ်ချခဲ့ကာ စီးပွားရေးထိခိုက်မှုက ဗိုင်းရပ်စ်ဖြစ်ပွားမှုထက် ပိုဆိုးရွားကြောင်း ပြောကြားခဲ့သည်။

–ကိုးကား–
အိန္ဒိယတူဒေး
Ref; Brazil reports highest coronavirus death toll in world for fifth straight day


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။